28

172 27 2
                                    

28

ကုန်လွန်သွားပြီးတဲ့ ဆောင်းရာသီဟာ အအေးကို သိသိသာသာလျော့ကျလာစေတယ်

Baekhyun ရဲ့ နေ့စဥ်ဓူဝဟာ Kia ရဲ့ နံဘေးမှာ အရင်အကြောင်းတွေ ပြန်ပြောရင်း ပိုမိုကုန်ဆုံးလာခဲ့တယ်။

"Kai မင်းသိလား
ငါအခု မင်းကို သစ္စာမဖောက်ဘူးနော်

မင်းရဲ့ ချစ်ခြင်းမေတ္တာကို ဖျက်ဆီးထားမိတာကြောင့် ငါကိုယ်တိုင်လဲ ချစ်မေတ္တာကို ဝန်မခံထားဘူး

ဒါကြောင့် ငါ့အပစ်တွေကို မင်းနိုးလာပြီး သေချာပေါက် ခွင့်လွှတ်ပေးမှ ရမယ်.."

Kai အနားမှာ Kyungsoo ဖြစ်ဖြစ် Kai ရဲ့ အမေဖြစ်ဖြစ် တစ်ယောက်ယောက်မရှိတဲ့အမြဲလိုလို ဆေးခန်းလေးထဲမှာ Baekhyun က တစ်ယောက်တည်းစကားပြောနေတတ်တယ်။

အဒေါ်ကြီးကတော့ သူ့ကိုတွေ့တိုင်း ပိုနာကျင်ရတာမို့ Baekhyun ဘက်က တတ်နိုင်သလောက် မတွေ့မိအောင် ရှောင်ပေးမိတယ်။
သူများရဲ့ အဖိုးတန်သားလေး မဟုတ်လား။

အိမ်ပြန်လမ်းတစ်လျှောက်လုံး အတွေးစတို့ဟာ ရွက်ကြွေတွေလို ပြန့်ကျဲလာတယ်။
နွေဦးမို့ ချယ်ရီပွင့်ဖတ်တွေဟာ လေနဲ့အတူပါလာတယ်။

အနားမှာထိုးကပ်ရပ်တန့်သွားတဲ့ ကားအနက်ရောင်တစ်စီး။
ကားပေါ်ကဆင်းလာတဲ့ ရွယ်တူလောက်ရှိမယ့် ကောင်လေးသုံးယောက်။

"မတွေ့ရတာကြာပြီပဲ သူငယ်ချင်းဟောင်းကြီး

ဘာလဲ အခုမမှတ်မိတော့ဘူးလို့ ဟန်ဆောင်နေတာလား

မင်းရော မင်းသူငယ်ချင်းရောလို အခြောက်ကောင်တွေကို နည်းနည်းမှကို ကြည့်လို့မရတာ

ဟေ့ရောင်တွေ မင်းတို့ရော အခြောက်တွေကို ကြိုက်လား.."

"ထွီ...ရွံစရာကြီး ..."

"ဟားးဟားးး"
"ဟားးဟားး"

ရယ်သံတွေဟာ စက်ဆုပ်ဖွယ်ရာ။

နာထဲမှာ အထပ်ထပ်ကြားယောင်လာတာက

"မင်းရော ငါ့ကိုရွံသွားပြီလား" ဆိုရဲ့ Kai ရဲ့ နောက်ဆုံးစကား...

အသက်ရှုကြပ်လာသလို
ရှင်ရင်း သေရတော့မလို Baekhyun မောဟိုက်လာတယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now