14
Baekhyun အရပ်နဲ့ မမှီတဲ့ Chanyeol ဆီကို နည်းနည်းလောက်ဖြစ်ဖြစ်ပိုပြီး နီးကပ်သွားအောင် တိုးလိုက်တယ်.
ခေါင်းတစ်လုံးစာပိုနေတဲ့ အရပ်အမောင်းကို မှီဖို့ Baekhyun ခြေဖျားတွေထောက်လိုက်တယ်။
ပြီးတော့...ပြီးတော့ စိုထိုင်းထိုင်းဖြစ်နေတဲ့ ချာတိတ်ဆံပင်တွေကို ခပ်ဖွဖွပုတ်လိုက်မိတယ်။
တစ်ဘဝလုံး တစ်စုံတစ်ယောက်ဆီက မျှော်လင့်ဖို့တောင် မစဥ်းစားကြည့်ဖူးတာတွေဟာ ဒီကောင်လေးဆီမှာ မတောင်းပဲပြည့်တယ်။
"Chanyeollie "
"ဗျာ.."
"တစ်ခုခု သွားစားကြမလား.."
",,,"
"ဗိုက်ဆာနေပြီမဟုတ်လား မနက်တည်းက ဘာမှလဲ မစားထားသေးပဲနဲ့.."
"Nae.."
တက်ကြွပြုံးရွှင်လာတဲ့ ဆယ်ကျော်သက်အရွယ်ဟာ တကယ်ကို အလှပဆုံးပါပဲ။
မပျော်ရင်မပြုံးပဲနေပြီး
စိတ်တွေရွှင်ပြလာတဲ့အခါ ဟန်မဆောင်ပဲ ပြုံးကြရတာပါပဲ။ဘူးခေါက်ဆွဲကလဲ ဗိုက်ဆာနေတဲ့အခါ
စိတ်တွေရွှင်ပြနေအခါ အရသာအရှိဆုံး Menu ဖြစ်သွားတာပါပဲ။"အားးးးး ဗိုက်တင်းသွားတာပဲ
Hyung ကော်ဖီလဲ ဝယ်တိုက်..""ဟားဟား ဒီကောင်လေး "
"Hyung ခေါ်လာတာလေ ..."
"သောက် သောက်
သွားယူချည်...""Hyung ရော? "
"အင်း "
မှောင်နေတဲ့ ညချမ်းအချိန်မှာ လမ်းထိပ်က store ဆိုင်လေးမှာ ဘူးခေါက်ဆွဲစားရတဲ့ အရသာဟာ ဘယ်အချိန်ထဲက ဒီလိုအရသာရှိသွားတာလဲ Baekhyun မသိဘူး။ ကော်ဖီပူပူဟာ ဘယ်တုန်းက ဒီလိုအရသာဖြစ်သွားတာလဲ မသိဘူး။ တကယ်ဆို ဒီလိုအရာတွေနဲ့ Baekhyun က မရင်းနီးဘူး။
"Hyung.."
"ဟင်.."
"မနက်ဖြန် ဘာလုပ်မှာလဲ.."
"ဒီတိုင်း ခါတိုင်းနေ့တွေလိုပဲ ထွေထွေထူးထူးမရှိပါဘူး ဘာလို့လဲ..."
"ကျွန်တော်နဲ့ ရုပ်ရှင်သွားကြည့်ရအောင်.."
"ကောင်းပြီ သွားကြတာပေါ့.."
အပြန်လမ်းဟာ ဟိုးအရင်နှစ်တွေတုန်းကလို အေးချမ်းဆိတ်ငြိမ်မြဲပဲ။ အမြဲလို Hyung က ဖြေးဖြေးလျှောက်တတ်သူဖြစ်ပြီး Chanyeol က ခြေလှမ်းကို မြန်မြန်လျှောက်တတ်တဲ့ သူဖြစ်တယ်။ ဒ်ီတိုင်း ဖြေးဖြေးလေးလျှောက်နေတဲ့ Hyung ရဲ့ လက်ဖဝါးလေးတွေ လွှဲလိုက်တိုင်း Chanyeol အမြဲ ခံစားရတဲ့ ခံစားချက်ဟာ ဟိုးငယ်ငယ်လေးတည်းက ခုထိ မပြောင်းမလဲရှိနေဆဲပဲ။
နွေးနေဦးမယ့် Hyung လက်ဖဝါးလေးကို ဆုပ်ထွေးထားချင်တာ။
Chanyeol တစ်ယောက်တည်း ဗျာများနေတဲ့အခါ Hyung က တစ်ချက်ရယ်မောရင်း လက်ကလေးဖြန့်ပေးလာတယ်။
အတိတ်နေ့ရက်တွေတုန်းကအတိုင်း မပြောင်းမလဲ။"Hyung"
"လက်ကိုင်ချင်လို့ တစ်လမ်းလုံး ဒီလိုဖြစ်နေတာမဟုတ်လား.. "
Chanyeol ထွေးကိုင်လိုက်တဲ့ လက်ဖဝါးလေးဟာ အရင်အတိုင်း နွေးမြနေဆဲ။ ဆောင်းတွင်းကအေးပေမယ့် ရင်ထဲမှာ နွေးပါတယ်။
"နောက်ဆို အများကြီးမစဥ်းပဲ လိုချင်တာရှိရင် ပြောလိုက်
ပြောမှ သိမယ့်အရာမျိုးတွေအတွက် အတွေးများမနေနဲ့..""ဒါဆိုရင် အခု Hyung ကို နမ်းချင်တယ်လို့ပြောရင်ရော.."
"ဟက် လူလည်လေး.."
"Exactly No!!"
ဟားဟားးး
ဟားဟားးးနှစ်ယောက်လုံး ခေါင်းတွေမော့လို့ လွတ်လပ်စွာ ရယ်မောလိုက်မိကြသည်။ ဘာအနှောင်အဖွဲ့မှ မရှိ။ ဘယ်လို အတွေးမျိုးမှ မရှိပဲ တကယ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး..
စိတ်ကူးယဥ်ဆန်တဲ့အချစ်တွေကိုဘယ်တုန်းကမှ အယုံကြည်မရှိခဲ့ပေမဲ့ ဒီလူသားလေးကို စတွေ့ချိန်မှာကတည်းက နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကတိုးတိုးလေး ဆိုခဲ့တယ်..
''သဘောကျစရာကောင်းတဲ့သက်ရှိလေးတဲ့''
Baekhyun အတွက် ငြင်းဆန်လို့မရနိုင်တဲ့ အကြောင်းပြချက်ဆိုရင် အခုရယ်မောနေတဲ့ သက်ရှိလေး သာဖြစ်တယ်။
ဒါကို ချစ်ခြင်းမေတ္တာလို့ ခေါင်းစဥ်တပ်တာဆိုရင် သူ ဒီချာတိတ်လေးကို..
ကိုယ့်ကိုကိုယ် မလိမ်ညာပဲ ဝန်ခံရရင် ဒီချာတိတ်လေးကိုတော့ အမြဲတမ်းပြုံးပျော်နေစေချင်ပါတယ်။ပြုံးလိုက်တိုင်း ခွက်ဝင်သွားတတ်တဲ့ ပါးခြိုင့်နက်လေးတွေဟာ တကယ်ကို သဘောကျချင်စရာဖြစ်တယ်။
ဒီကောင်လေးကိုတော့ ဘဝကို အနာတရတွေ မရစေပဲ ဒီတိုင်းလေး အမြဲတမ်း နွေးထွေးပျော်ရွှင်စေချင်တယ်။
#Heki
#Oct, 31
YOU ARE READING
ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)Completed
Fanfictionခါးသက်ခြင်း ဝေးကွာခြင်းတွေနဲ့ မသက်ဆိုင်ပဲ အချစ်ကို ချစ်တယ်လို့ ပြောချင်ယုံ ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝလေးအတိုင်း စီးမြောနေပုံကို ဒီအတိုင်း လေးတွဲ့တွဲ့လေး အေးအေးဆေးဆေးလေးလဲ ရေးကြည့်ချင်လာလို့ပါ။ ဘယ်လို ဇာတ်ကွက် မှ ထူးထူးခြားခြား ပါနေမှာမဟုတ်တာကိုတော့ က...