23

226 34 3
                                    

23

လူထူထပ်တဲ့ နေရာတွေဆို ရှောင်တတ်တဲ့ Hyung က တိတ်ဆိတ်တဲ့ နေရာလေးဆီ သူ့ကို ဆောင်ကျည်းတယ်။ ငြိမ်သက်အေးချမ်းမှုတွေ စုဝေး ဖြစ်တည်နေတဲ့ နေရာလေး..
လူသူအရောက်အပေါက်နည်းတဲ့ ရှေးဟောင်းပြတိုက်လေးတစ်ခု..

Hyung က လက်ရာတစ်ခုဆီတိုင်းကို အကြာကြီးငေးမောနေတတ်တယ်။ ဖန်လှောင်အိမ်လေးကို လက်ကလေးနဲ့ ဖွဖွလေး ပွတ်သပ်နေတတ်သေးတယ်။
နစ်ဝင်နေတဲ့ မျက်ဝန်းလေးတွေဟာ သိပ်ကို သဘောကျစရာကောင်းလွန်းတယ်။

"သဘောကျလား.."

ရှေးဟောင်း မြေအိုးတစ်ခုရဲ့ရှေ့မှာ အချိန်အတော်ကြာ ငေးမောနေတာမို့ Chanyeol မေးတဲ့အခါ
နူးနူးညံ့ညံ့လေးပြုံးလို့ ဝန်ခံတယ်။

"အင်း"

လက်ကလေးတစ်ဖက်နဲ့ အဲ့ဒီအိုးလေးပေါ်က ဖန်အိမ်လေးကို ဖွဖွလေးပွတ်သပ်လို့။
မျက်ဝန်းတွေမှာ လွမ်းဆွတ်ရိပ်နဲ့ မြတ်နိုးရိပ်တွေ တစ်ပြိုင်တည်း ကိန်းအောင်းလို့။
ပြီးတော့ နူးနူးညံ့ညံ့လေး ပြုံးလို့။

"ငယ်ငယ်က အဖေနဲ့ မကြာခဏ လာဖြစ်ကြတိုင်း အဖေက ဒီဟောင်းနွမ်းနေတဲ့ အရာတွေကို ဘာလို့များ အကြာကြီး ငေးမောနေတာလဲလို့ တွေးဖူးတယ်..."

ဟိုးအဝေးကြီးကို တမ်းတလွမ်းဆွတ်မှုမျိုးနဲ့ Hyung အသံဟာ ခမ်းမထဲမှာအထီးကျန်သလိုမျိုး ခပ်နှေးနှေးလေး လွင့်ပျံ့လာတယ်။
ဘေးတိုက်မြင်နေရတဲ့ Hyung မျက်နှာမှာ တစ်စုံတစ်ခုသော အရောင်တွေဟာ ရောထွေးနေတယ်။

"ဒီကို လာတိုင်း အဖေက အဝါရောင်သမ်းနေတဲ့ ပန်းချီကားအဟောင်းတစ်ခုကိုပဲ အချိန်တွေ အကြာကြီး ရပ်ကြည့်နေတတ်တာ..."

Hyung က အဲ့သလိုရေရွတ်လို့ နံရံတွေဆီက Hyung ပြောတဲ့ ဝါကျင့်ကျင့် ပန်းချီကားဟောင်းတွေဆီကို သွားတယ်။ ပန်းချီပေါ်မှာတော့ Chanyeol နားမလည်တဲ့ ဆေးသားတွေ ရောပြွန်းလို့။ စမ်းချောင်းတစ်ခုဘေးမှာ Hanbok နဲ့ အမျိုးသမီးတစ်ဦးရပ်တန့်နေတဲ့ ပုံလေးလဲရှိတယ်။

ဆံထိုးတစ်ခုတည်း အရောင်ပါပြီး တစ်ခြားတစ်ခြားသော အရာဝတ္ထုတွေအကုန် အဖြူအမဲ ဖြစ်နေတဲ့ ပန်းချီလေးလဲရှိတယ်။  ဒီအတိုင်း ပန်းချီတိုင်းဆီမှာ တွေ့ရတဲ့ တစ်ခုတည်းသော အရာက ပန်းချီတစ်ခုလုံးထဲမှာ တစ်ခုတည်းသော အရာကသာ တမူထူးခြား နေတာမျိုး ဖြစ်တယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now