7

245 43 4
                                    

7

"ဘေဘီရေ ကိုယ်ကိုလဲ နည်းနည်းပေးဖြန်းလေ"

"NO NO NO"
ကျန်တာအကုန်ထိ ဒီနှစ်ခုကတော့မရဘူး .."

"ဟာ သားကြီးရာ ဘာလဲ ဆော်ကပေးထားတာမို့လို့လား.."

"ဟေ့ရောင် မင်းလက်သီးစာစားချင်နေပြီလား.."

"မင်းက ကွာ ဘယ်သူပေးတာလဲဆိုတော့လဲ မပြောဘူး
အနံ့လေးမွှေးလွန်းလို့ နည်းနည်းပေးသုံးဆိုတာလဲ မရဘူး
ဆော်ပေးထားတာလားဆိုတော့လဲ ထထိုးတော့မလိုပဲ...

တကယ်ပဲ တကယ်ပဲ
မေ့မေ့သား Oh sehun လေး ရင်လေးတယ် မေမေ့ရယ်.."

Sehun က ညည်းညူရင်း သူ့ကုတင်ဆီ ဆင်းသွားမှ ချန်းယောလ် မာဖလာနီနီလေးကို နှာဖျားထဲနှစ်လို့ အိပ်စက်ပစ်လိုက်တော့သည်။
ဒီနေ့က အဆောင်စဝင်တဲ့ နေ့...

Chanyeol ရဲ့ အဆောင်ဝင်ရတဲ့ နေ့ရက်တွေကတော့ မချောမွေ့ပါဘူး။ ဆရာက အချိန်ပြည့် တုတ်တစ်ချောင်းနဲ့ စာသင်စောင်တွေ Run နေတတ်သလို အိပ်ငိုက်တဲ့ ကျောင်းသားတိုင်း အိမ်သာဆေးရတော့တာပဲ။

ကန်တင်းက အစားအသောက်တွေက Chanyeolကို စိတ်ကျေနပ်မှု နည်းနည်းမှ မရှိစေတဲ့ အစိမ်းရောင် အရွက်တွေကြီးပဲ။ အသားကတော့ ရေငုပ်ရှာရမလို။ ဒါတင်ပဲလားဆိုလဲ မဟုတ်ဘူး။ နွားတွေလို အစိမ်းရောင်အရွက်တွေကို မကုန်ရင်ဒဏ်ဆောင်ရပြန်တော့ ရသမျှမုန့်ဖိုးကလဲ Chanyeol ကို မကပ်ပြန်ဘူး။

လျော့လျော့သွားတဲ့ Chanyeol ရဲ့ ဗိုက်စုဗူးလေးရယ် ထင်းလို့ ထင်းလို့ ထွက်လာတဲ့ ပါးခြိုင့်ခွက်ခွက်လေးရယ်နဲ့ ၃ လ တစ်ခါ နားရက်ဆီကို ရောက်လာတော့တယ်။

Hyung ကို တကယ်လွမ်းလွန်းလှပြီ မေမေရယ် လို့ဆိုရင် မမက ခေါင်းကို ထုလောက်မယ် ထင်ပါရဲ့။

နှင်းတွေ ထူထဲစွာကျနေတဲ့ ညနေခင်းတစ်ခုမှာ Chanyeol တို့ အိမ်ပြန်ခွင့်ရခဲ့ကြတယ်။

Sehun ဆိုတဲ့ ငပွေးက ကာရာအိုအေသွားကဲဖို့ အတင်းကပ်ညှိနေပေမယ့် သူ့မှာတော့ လမ်းထိပ်အိမ်လေးဆီကိုပဲ စိတ်တွေ အပြေးသွားနေလေတယ်။

လွမ်းတယ် Hyungရယ် ။ တကယ်။

ခြံစည်းရိုး နိမ့်နိမ့်လေး။
နွယ်ကပ်ပင်လေးတွေ တစ်ပင်နှစ်ပင်လိမ်နေတဲ့ ခြံဝလေး။
ခရမ်းနုရောင်လေးတွေ အစီစီပွင့်နေတဲ့ အိမ်ဘေးတစ်ဖက်က ပန်းခင်းသေးသေးလေး။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedDär berättelser lever. Upptäck nu