13

222 38 3
                                    

13

Nuna ထွက်သွားပြီးနောက်မှာ အချိန်တွေ ဘယ်လောက်တောင်ကြာတဲ့အထိ သူက လက်ရှိနေရာမှာ ထိုင်နေမိသလဲ မသိပေ။ တကယ်ကို အကြာကြီး ငြိမ်သက်စွာ တည်ရှိနေပြီးတဲ့နောက်မှာတော့ Baekhyun က ထိုင်နေရာကနေ ထလိုက်တယ်။

လက်ရှိရယ်
အတိတ်ရယ်
သူဘယ်ဆီကနေ ထွက်ပြေးရမလဲ?
ဘယ်ဆီကို ပြန်သွားရမလဲ?

လူသန်းပေါင်းများစွာ အားပေးနေကြတဲ့ စတိတ်စင်တစ်ခုပေါ်မှာ ဖျော်ဖြေခဲ့ဖူးတဲ့ အချိန်ဟာ Baekhyun အသက် ၁၆ နှစ်ဖြစ်တယ်။
လူသန်းပေါင်းများစွာ တည်ရှိနေကြတဲ့ စတိတ်အောက်မှာ ဝန်ကြီးချုပ် သံတမန်ချုပ်တွေ ထိုင်နေကြတဲ့ ခုံတန်းတွေမှာ Baekhyun မြင်နိုင်တာ မေမေ တစ်ယောက်တည်း။ ဘယ်သူတွေ ဘယ်လိုအားပေးနေတယ်။ ချီးကျူးနေတယ်ဆိုတာထက် မေမေ့မျက်နှာပေါ်က ပြောင်းလဲသွားတဲ့ အရိပ်တွေ ကျစ်လစ်သွားတဲ့ လက်သီးဆုပ်တွေကိုသာ Baekhyun သတိထားကြည့်နေခဲ့ရတယ်။

မေမေဟာ နှစ်လိုစွာ ရယ်မောပြုံးရွှင်ဖူးပါသလား။
သူ့ကြောင့်ပဲဖြစ်ဖြစ်
ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ်

ငြီးငွေ့ဖွယ် အတိတ်တစ်ခုကို ခေါင်းခါထုတ်လိုက်ချိန်မှာ နေဟာဆောင်းနေပြီ။ လူရှင်းတဲ့ လမ်းမို့ လမ်းဟာ ဖြာကျနေတဲ့ နေရောင်မှန်ပြပြအောက် အထီးကျန်ဆန်စွာ ငြိမ်သက်နေတယ်။

စိတ်တွေရှုပ်လာတိုင်း စီးကရက်လေးတစ်လိပ်လောက် ဖွာရှိုက်ချင်စိတ်ဖြစ်လာတာ သောက်တတ်လာတာဟာ ဘယ်အချိန်ထဲကလဲ။

လမ်းထိပ်က Mini Mart လေးဆီ Baekhyun လေးလံစွာ ထွက်လာခဲ့တယ်။ ဆိုင်ထဲမှာတော့ အမြဲတမ်းတက်ကြွပြီး စာလုပ်နေတတ်တဲ့ ကောင်မလေးတစ်ယောက်က တက်ကြွစွာပဲ နှုတ်ဆက်လာတယ်။
ဒီကောင်မလေးဆီမှာရော ဖိအားတွေ ရှိနေလောက်မလား။ ကျောင်းစရိတ် အိမ်စရိတ် တခြားစိတ်ရှုပ်ထွေးစရာတွေ ရှိနေလောက်မလား။ တစ်ချိန်ချိန်မှာ ထွက်ပြေးလွတ်မြောက်ချင်စိတ်တွေ ဖြစ်လာလေမလား။ အခုပြုံးရယ်နေတာကရော တကယ့်အစစ်ဟုတ်ရဲ့လား။

Baekhyun ဟာ ပြန်ပြုံးပြခြင်း
တုန့်ပြန်ခြင်းတစ်စုံတစ်ခုကိုမှ မလုပ်ပဲ
ယူနေကျနေရာဆီက စီးကရက်တစ်ဘူးရယ် မီးခြစ်တစ်ခုရယ် ယူလာပြီး ကောင်တာပေါ်တင်လိုက်တယ်။
ကောင်မလေးက စကားတွေကို ပြုံးရင်းရယ်ရင်းအများကြီးပြောရင်းနဲ့ ပြေစာလေးဖြတ်ပေးလာတယ်။ Baekhyun ကျသင့်ငွေရှင်းပြီးတဲ့အထိ တစ်ခွန်းမှ မပြောပဲ နေခဲ့ပြီးမှ

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now