11

234 40 7
                                    

11

မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ခေါင်းထဲရောက်လာတဲ့အတွေးက Byun Baekhyun ဆိုတဲ့ လူသားအကြောင်းဖြစ်တယ်။

ပါးကလေးတွေဖောင်းလာတာ
လက်ကလေးတွေ ပိုပြီး ကြမ်းရှလာတာ
ဆံပင်လေးတွေရှည်လာတာ
စသဖြင့် စသဖြင့် ဒီ Hyung သာ စိုးမိုးနေတော့တာ။

မနက်ဖြန်ကစလို့ Hyung ကို လိုက်တော့မှာလို့ ကြွေးကြော်ခဲ့ပြီး အခုဘယ်ကစပြီး လိုက်ရမလဲ တွေးမရ။
online ပေါ်က ကြောင်တောင်တောင် နည်းလမ်းတွေနဲ့လည်း အလုပ်ဖြစ်မယ့်ပုံ နည်းနည်းလေးတောင် မရှိတဲ့ Hyung မို့ Chanyeol တစ်ယောက် အိမ်ရှေ့နဲ့ အိမ်နောက်လျှောက်နေမိတာ ဘယ်နှကြိမ်မှန်းကို မသိတော့။ မေမေကတော့ မျက်စိနောက်နေတာမို့ ခဏတိုင်း သူ့ကို ဆူနေပေမယ့် သူကတော့ ဘယ်လိုနည်းသုံးပြီး Hyung ကို flirt ရမလဲ တွေးနေရတာနဲ့ပဲ Chanyeol တစ်ယောက် မျောက်မီးခဲကိုင်ထားသလို ဂဏှာမငြိမ်တော့တာဖြစ်တယ်။

"Park Chanyeol မျက်စိတွေ တကယ်တွေနောက်လာပြီ တကယ်ဘာဖြစ်နေတာလဲ."

"Omma
Appa က Omma ကို ဘယ်လိုလိုက်ခဲ့တာလဲ"

"ကျစ် ဒီကောင်လေး ခေါက်ခံချင်တော့တာထင်တယ်။
ဒီအရွယ်ရောက်မှ ဘာတွေ လာမေးနေတာလဲ တကယ်ပဲ"

"ဟာ Omma လုပ်ပါ တကယ်အရေးကြီးလို့ သားအတွက်.."

*ဂွက်*

"အာ့ Omma"

"သွားစမ်း နင် ကျောင်းကပြန်လာတည်းက တစ်ချက်မှကို ကြည့်မရဘူး
သွား နင် Baekhyun အိမ်သွားချည်
မျက်စိကိုနောက်နေတာပဲ.."

"ဟုတ် Omma အဲ့တာဆိုသွားပြီနော်
ဘာပြောပေးရဦးမလဲ Hyung ကို"

"နင့်ကို မျက်စိနောက်လွန်းလို့ တစ်သက်လုံး ခေါ်ထားလိုက်လို့ ပြောလိုက်"

"Nae Omma"

ပျော်ပျော်ကြီး ထွက်လာတဲ့ လမ်းတစ်လျှောက် တွေ့သမျှလူပြုံးပြ နှုတ်ဆက်နေလို့ Chanyeol ကို ကြောင်ပြီးကြည့်နေသူတွေ တစ်ပုံကြီး ကျန်ခဲ့တယ်။

Hyung ရဲ့ ခြံဝင်းလေးက ဒီနေ့မှ ပိုပြီး တောက်ပနေသလို ပန်းပင်တွေကလဲ ဒီနေ့မှ ပိုပြီးလှပနေသေးတယ်။ ဒါပေမယ့်လည်းလေ Byun ဆိုတဲ့အချစ်ငှက်ကလေးကိုတော့ ဘယ်မှီနိုင်ပါ့မလဲ။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now