17
"Hyung...."
"အူရီး ဟျောင်းးးးးရေ...."
"ဟျောင်းးးးးးးးးး Chanyeollie လာတယ်.."
ညနေစာပြင်နေတဲ့ Baekhyun က အေပရွန်ကို ချွတ်လို့ တံခါးမကြီးဆီ ထွက်လာခဲ့တယ်။ အမြဲ သူ့အိမ်သူ့ရာလို ဝင်ထွက်ခဲ့ပြီး အခုမှ ခြံဝက လှမ်းပြီး အော်ဟစ်နေတဲ့သူကြောင့် Baekhyun တစ်ယောက် မနေရတော့တာ။ ဒီကောင်လေးရဲ့ အရှုပ်ထုပ်လေးတွေ တစ်စတစ်စ Baekhyun ဆီမှာ အဲ့ဒီလို လာလာစုတာ။
"ဘာဖြစ်ရပြန်တာလဲ Chanyeollie .."
"Hyung ကျွန်တော့် မွေးနေ့..."
"မနက်ဖြန်မှ မလား ငါသိပါတယ် Chanyeollie ရာ မမေ့ပါဘူး.."
"အဲ့တာမဟုတ်ဘူး.."
"မွေးနေ့လက်ဆောင်လာတောင်းတာ.."
"ဘယ်လို.."
"Hyung ကတိပေးထားပြီးသားနော်
ခုမှ ငြင်းလို့မရဘူး""မဟုတ်သေးပါဘူး Chanyeollie ရယ်
ဘယ်မွေးနေ့ရှင်က မွေးနေ့မရောက်ခင် လက်ဆောင်အရင်တောင်းလို့လဲ..""ကျွန်တော်လေ..."
မနိုင်ပေ။ တကယ့်ကို Park Chanyeol က မနိုင်စိန်လေး။
ဒီကလေးကြောင့် မရိုးနိုင်သော မနက်ခင်းတွေ ဘာမှန်းမသိတဲ့ စိတ်ခံစားချက်တွေ။
ဒီကောင်လေးကြောင့် အကြိမ်ကြိမ်အခါခါ ယိုင်နဲ့လာနေတဲ့ နှလုံးသား။
ဒီတစ်ခါ တစ်ကယ်ကို နှလုံးသားကို ပေးမိတော့မှာ..မီးဖိုထဲမှာ လုပ်လက်စ စပါကတီတွေ
ကြော်မယ်ဆိုပြီး မွှေထားပြီးသား ကြက်ဥတွေ။ ပြီးတော့ အေးစက်သွားတဲ့ ကော်ဖီတွေ။
မီယောဂုတွေNOV ရဲ့ အေးချမ်းမှုညနေခင်းကြားမှာ Baekhyun က Chanyeol ရဲ့ ဆိုင်ကယ်ကြီးနောက်မှာ နွေးနေမယ့်ခါးစပ်ဆီ တိုးဝင်ဖက်တွယ်ရင်း သူခေါ်ရာနောက်ဆီ တိုးသက်စွာ လိုက်ပါတယ်..
"Hyung "
လေသံတွေကြားမှာ Chanyeol ရဲ့ ခေါ်သံဟာ လုံးထွေးနေတယ်။ ပိုပြီး ပီပီသသ ကြားရအောင် Baekhyun က Chanyeol ရဲ့ မျက်နှာနားကို တိုးကပ်လိုက်ချိန်မှာပဲ အချိန်ကိုက် လှည့်လာတဲ့ နှုတ်ခမ်းပါးတွေ
ပွတ်တိုက်ထိခတ်သွားတဲ့ Baekhyun မျက်နှာပြင်ဟာ အနည်းငယ် ပူနွေးသွားသလို ဆိုင်ကယ်ကို မောင်းနေတဲ့ Chanyeol မျက်နှာလဲ အပြုံးတွေ စွန်းထင်းသွားတယ်။
ESTÀS LLEGINT
ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)Completed
Fanfictionခါးသက်ခြင်း ဝေးကွာခြင်းတွေနဲ့ မသက်ဆိုင်ပဲ အချစ်ကို ချစ်တယ်လို့ ပြောချင်ယုံ ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝလေးအတိုင်း စီးမြောနေပုံကို ဒီအတိုင်း လေးတွဲ့တွဲ့လေး အေးအေးဆေးဆေးလေးလဲ ရေးကြည့်ချင်လာလို့ပါ။ ဘယ်လို ဇာတ်ကွက် မှ ထူးထူးခြားခြား ပါနေမှာမဟုတ်တာကိုတော့ က...