25

197 31 4
                                    

25

"ဒီတောအတွင်း အဆင်ပြေရဲ့လား..."

Café တစ်ခုရဲ့ ညဘက်အချိန်အခါဟာ တိတ်ဆိတ်နေတယ်။ တစ်ဆိုင်လုံးမှာရှိတဲ့အသံဆိုလို့ radio က Music သံ သဲ့သဲ့လေးပဲလွင့်ပျံ့နေတယ်။

အဲ့ဒီတိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူကတော့ Baekhyun ကိုယ်တိုင်ပဲ ဖြစ်တယ်။

"တောင်းပန်ပါတယ် Hyung..."

"Hyung အပေါ် တောင်းပန်စရာကိစ္စမျိုးကို မင်ထယ် ဘာမှ မလုပ်ထားပဲ.."

"တောင်းပန်ပါတယ်.."

ကော်ဖီခွက်နွေးနွေးကို လက်နဲ့ကိုင်ရင်း ခေါင်းကိုတွင်တွင်ငုပ်ပြီး ဒီစကားကိုပဲ ထပ်တလဲလဲ မြည်ဟီးစေတယ်။

သနားစရာကောင်လေး..

"မင်ထယ်ကတော့ အခုဒီလောက်ပဲ အားနာတော့ရင်ကောင်းမယ်.."

ပေါ့ပေါ့ပါးပါး Baekhyun ဆိုတော့ မင်ထယ်က မျက်ရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ မဝံ့မရဲလေး မော့ကြည့်လာတယ်။
တတ်နိုင်သမျှ နူးညံ့စွာ ပြုံးပြမိတယ်။
ဒါမှ ဒီကောင်လေးက နည်းနည်းဖြစ်ဖြစ် လောကကြီးမှာ နေပျော်မှာမို့။

"အကြောင်းမရှိလည်းပဲ အရင်လို မကြာမကြာ ဆက်သွယ်လိုက်နော်.."

"ဟုတ်.."

အပြင်က ကျွန်တော့်ကောင်လေး အေးနေလောက်တော့မလား။ နွေဦးဆိုပေမယ့် တစ်သွဲ့သွဲ့တိုက်ခတ်နေတဲ့ လေငြင်းကြောင့် အေးနေလောက်တော့မလား။ ပြီးတော့ အဲ့ဒီကောင်လေးက ဘယ်လောက်တောင် အတွေးတွေများလိုက်သလဲ။
ခုနက အမူအရာကိုမြင်ပြီး ဘယ်လောက်တောင် ပူပန်နေတော့မလဲ။
တတ်နိုင်သလောက် မြန်မြန်ဆန်ဆန်လေး ကျွန်တော့်ချာတိတ်ကို နွေးမြစေချင်စိတ်သာ ပြည့်လျှံလာတာမို့

"Hyung သွားတော့မယ်..."

ခပ်မြန်မြန်နှုတ်ဆက်စကားပြောပြီး ထွက်လာတဲ့အခါ ထင်တဲ့အတိုင်းပါပဲ။
အဲ့ဒီချာတိတ်လေးက ဘယ်လိုအတွေးမျိုးတွေနဲ့ ရှုပ်ထွေးနေလို့ ဒီလိုမျိုး ခေါင်းငိုက်စိုက်ချလို့ မှိုင်းပြနေရပါသလဲ။ ဒီအမျိုးသားလေးဟာ သူ့အပေါ်ဆို အတိုင်းအထက်အလွန် ပူပန်တတ်သူဖြစ်တာမို့ လမ်းတစ်ဖက်ခြမ်းကို ခပ်သုတ်သုတ်လျှောက်မိတယ်။ လမ်းအကူးလေးမှာ စိတ်ရှုပ်ထွေးစွာ ရပ်တန့်နေသူဆီသွားရဖို့ ဒီနေ့မှ ပိုကြာနေသလိုပါပဲ။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now