8

253 38 7
                                    

8

ရှက်ရွံ့မှု
သိမ်ငယ်မှု
အားနာမှု များစွာနဲ့ နိုးထလာတဲ့ မနက်ခင်းမှာ Chanyeol တုန်လှုပ်နေမိတယ်။

ဘယ်လိုတောင် အကျင့်မကောင်းလိုက်တဲ့ ကောင်လဲ။
ဘယ်လိုတောင် မိုက်ရိုင်းလိုက်တဲ့ကောင်လဲ။

Hyung ကိုမှ
Hyung လို အမျိုးသားတစ်ယောက်ကိုမှ

ဘာလို့လဲ။

နောက်ကျိနေတဲ့ ခေါင်းရယ်
ထိုင်းမှိုင်းနေတဲ့ စိတ်အစုံရယ်
အားနာ ရှက်ရွံ့မှုတို့ရယ်

Hyung ကိုတောင် မျက်နှာချင်းမဆိုင်ဝံ့ပဲ သူထွက်ပြေးလာတာ အဘွားရှိတဲ့မော့ပိုကို။

အိမ်သားတွေအတွက်တော့ အဘွားချစ်လေး Chanyeol ဟာ အဘွားဆီသွားလည်မယ်ဆိုတဲ့ စကားအတွက် သံသယကင်းစွာ။ တကယ်ဆို သူထွက်ပြေးပုန်းရှောင်လာတယ်ဆိုတဲ့အဖြစ်ကို သူတစ်ယောက်ပဲ လိပ်ပြာမလုံစွာ သိရှိနေတာ။

"တောင်းပန်ပါတယ်"

Bus ရဲ့ ပြတင်းတံခါးကနေ သူ့စိတ်တွေ ဝေးလွင့်စွာ ပြေးလွှားနေကြတယ်။ သူတကယ် ဘာဖြစ်ချင်မှန်းမသိဘူး။ Hyung ကို တွေ့ချင်တယ်။ တစ်ပြိုင်တည်းမှာပဲ သူ Hyung ကို မတွေ့ချင်ပြန်ဘူး။ Hyung ကို သတိရစိတ်နဲ့အတူ မဖြစ်သင့်ဘူးဆိုတဲ့ အချက်ပေး ခေါင်းလောင်းသံတွေ ညံလျှက်။

လူပျိုဖော်ဝင်ချိန်မို့လို့ ဒီလိုဖြစ်နေတာလို့ ​နှစ်သိမ့်မိနေပေမယ့်။ တကယ်ပဲ အဲ့ဒါကြောင့်ပဲ ဟုတ်ရဲ့လား။

မော့ပိုရဲ့ ရပ်ကွက်လေးထဲမှာ Chanyeol က အရင်ကလို တက်ကြွမှု ရှိမနေဘူး။ အင်တာနက်ကနေ ရှာကြည့်တဲ့ အဖြေတစ်ချို့ကြောင့် Chanyeol နောက်ဆုံးတော့ တိုက်ဂွမ်ဒို သင်တန်းဆီရောက်လာခဲ့တယ်။
စိတ်မတည်ငြိမ်ရင် အားကစားပြင်းပြင်းထန်ထန် လုပ်ရတယ်တဲ့။

မိုးလင်းကနေ မိုးချုပ်ထိ ဆောင်းတွင်းကြီး ချွေးပြိုက်နေအောင် အားကစားလုပ်နေတာတောင် ပေါ်ပေါ်လာတဲ့ မျက်ဝန်းနွေးနွေးတွေ။ Hyung ကို သတိမရအောင် နေရတာ ခက်လိုက်တာ Hyung ရေလို့ အရင်လို ပြေးတိုင်ပစ်လိုက်ချင်တော့တာပဲ။

Hyung ရေ ကျွန်တော်တော့ ရူးသွားပြီ ထင်ပါရဲ့။

အားလပ်ရက်လက်ကျန် ၁၀ ရက်လောက်သာကျန်တော့တဲ့ အချိန်တစ်ခုမှာ ခရစ်စမတ်ဟာ နီးကပ်လာတယ်။
ကျွန်တော်တော့ ၃ လအတွင်း ၁၀ ပေါင်လောက်ကျသွားတယ်။ Hyung ကျေးဇူးနဲ့လို့ ပြောရမှာပါပဲ။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now