6

255 42 11
                                    

6

"ချန်းယောလ်လီ အိတ်ကို သေချာစစ်ပြီးပြီလား

အနွေးထည်တွေ မျက်နှာသုတ်တွေ
သွားတိုက်တံ ရေဘူး အစုံပါပြီလား.."

"အာ့ ဟုတ်သားပဲ သွားတိုက်ဆေး..

မမရေ သားသွားတိုက်ဆေး ဝယ်ဖို့မေ့သွားလို့ မမဟာပဲ ယူသွားလိုက်တော့မယ်.."

ချန်းယောလ် ပါးစပ်ကအော်ရင်း မမအမြဲအသင့်ဆောင်ထားတတ်တဲ့ ခရီးဆောင်အိတ်ထဲက သွားတိုက်ဆေးဘူးလေး သွားယူချလာလိုက်သည်။ အလုပ်ခရီးအမြဲလိုထွက်ရတဲ့ မမက မရေးကြီးပစ္စည်းတွေ မမေ့ရအောင် ထည့်ထားတတ်သူမို့ ချန်းယောလ်အတွက် အလွယ်တကူပင်။

"ဘာကျန်သေးလဲ စစ်ကြည့်ဦး..
နောက်လမှ အိမ်ပြန်ခွင့်ရမှာမို့လား.."

"အင်းးးး ဘာမှ မကျန်တော့ဘူးထင်တာပဲ..."

"အစားသေချာလေးစားနော် ဝိတ်ချတယ်ဆိုပြီး အဆာမခံနေနဲ့ အစာအိမ်ယောင်လာမယ်။"

"ဟုတ် Appa"

Appa သတိပေးမှ Omma က သတိရဟန်နဲ့

"ရော့ နွားနို့ပူပူလေး သောက်သွားဦး
မပြင်မှာ အရမ်းအေးတယ် နွေးနွေးထွေးထွေး..."

"တင်းတောင်..."

Omma က ပြောလက်စ စကားကို ရပ်လို့ နွားနို့ခွက်လေးကို Chanyeol လက်ထဲထိုးထည့်လို့ တံခါးဖွင့်ဖို့တံခါးဝဆီ ဦးတည်းသွားသည်။

chanyeol ကလက်ထဲက နို့ခွက်ကို တစ်ကျိုက်တည်းမော့ချပြီးလိုက်ချိန်မှာ ဖြာကျလာတဲ့ အလင်းတန်းလေး။

အေးမြလွန်းတဲ့ ဆောင်းတွင်းမှာ ဆင်စွယ်ရောင် ဟူဒိီအကြီးကြီးထဲ နစ်မြုပ်နေတဲ့ ကျွန်တော့်ရဲ့ Hyung လေး။ နှာဖျားလေးတွေ ရဲနေပြီး အနွေးထည်လွတ်နေတဲ့ လည်တိုင်လေးတွေပါ ရဲနေပုံက ဘယ်လောက်တောင် အေးနေမလဲဆိုတာ ပြေးကြည့်စရာတောင် မလိုဘူး။

အပေါက်ဝလေးမှာ ဒီတိုင်းလေးရပ်နေတဲ့ Hyung လက်ထဲမှာ မာဖလာတစ်ထည်ကိုင်ထားတယ်။

"Chanyeollie ဒီနေ့အဆောင်ဝင်ရမယ်ဆိုတော့ Hyung က မနေ့ကတည်းက မျှော်နေတာ.."

အနည်းငယ်တုန်ရီချင်နေတဲ့ မေးခိုက်သံလေးနဲ့ Hyung က ယဲ့ယဲ့လေးပြုံးလို့ ပြောလာတယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now