Part_1

315 14 0
                                    

" ကိုမင်းရယ် ... ရှင်ဒီနေ့တော့ ဘယ်မှမသွားပါနဲ့လား ... ကလေးကလဲ အဖျားငွေ့ငွေ့လေး ရှိနေတာ ကျွန်မတစ်ယောက်တည်းရယ် .."

လသားအရွယ်ကလေးလေးကို ရင်ဝယ်ပိုက်၍ အသနားခံကာ ပြောနေသည့် မိန်းကလေး၏ မျက်ဝန်းတွေဟာ အကူအညီမဲ့နေသယောင် ။

" ခြယ်.. ကိုယ်ကအပြင်ကို အလကားသွားနေတာမဟုတ်ဘူးလေကွာ...
ဒီမိသားစုလေး စာဝတ်နေရေးအတွက် ကိုယ်ကအပြင်ထွက် ပိုက်ဆံရှာနေရတာ ...
ကိုယ်ဒီနေ့မရှာရင် ဘာနဲ့သွားစားကြမှာလဲ "

ခိုးရာပြေးကြပြီး တစ်အိုးတစ်အိမ်ထူထောင်ကြရသည့်အချိန်မှာ လောကဒဏ်ဟာ ခက်ခဲကြမ်းတမ်းလွန်းမှန်းသိလာရသည် ။
ပညာရေးတစ်ပိုင်းတစ်စနဲ့ ငယ်ရွယ်သူတွေမို့ တည်တည်တံ့တံ့အလုပ်ဟူ၍မရှိ ကြုံရာကျပန်း ရသော အလုပ်များကိုသာ လုပ်ကိုင်ရ၍ ခက်ခက်ခဲခဲရုန်းကန်နေကြရသည် ။

" ညနေ လုပ်အားခရလာရင် ကိုယ်တို့ကလေးကို ဆေးခန်းသွားပြကြမယ် .. ဘာမှမစိုးရိမ်နဲ့နော် ခြယ်..."

တံခါးဝမှထွက်သွားသော ယောကျာ်းဖြစ်သူရဲ့ ကျောပြင်ကို ငေးရင်း အော်ငိုလာသော ကလေးငယ်အား ချော့မြူကာ ရင်ထဲမှအပူမီးများ ငြှိမ်းသက်စေတော့သည် ။
ကလေးဟာ ကိုယ်ပူရှိန် တဖြည်းဖြည်းတက်လာကာ အော်ငိုခြင်းဟာလဲ ရပ်တန့်မသွားခဲ့ ။
ပူပန်စိတ်တွေနဲ့ ပြာယာခတ်နေသည့် မိန်းကလေးငယ်လေးတစ်ဦး၏ မိခင်တာဝန်ကို ထမ်းဆောင်နေရခြင်းဟာ  လွယ်ကူနေမည်တော့မဟုတ်ပေ ။

" မိန်းကလေး..
ကလေးက အိပ်သွားတာလား ....ငိုသံမကြားရတော့လို့ "

" ဟုတ်တယ် အန်တီ... တစ်နေ့လုံး ငိုနေလိုက်တာ အခုမှဘဲ အိပ်သွားတာ..
အန်တီတို့ကိုလဲ အားနာလိုက်တာ "

တစ်မနက်လုံး အဖျားအရှိန်ကြောင့် ငိုလိုက်တိတ်လိုက်ဖြစ်နေသော ကလေးက ညနေပိုင်းရာက်တော့ မောသွားလို့ထင်ပါရဲ့ ဆက်ငိုလာခြင်းမရှိတော့ဘဲ အိပ်ပျော်သွားလေသည် ။
ကိုမင်း ပြန်လာမဲ့အချိန် အိမ်ရှေ့ထွက်စောင့်ရင်း အိမ်ချင်းကပ် ဘေးအိမ်က အန်တီမေးလာ၍ အားနာနာနှင့်ဖြေရသည် ။
တစ်နေ့လုံး ကလေးငိုသံတွေနဲ့ ဆူညံနေခဲ့တာတောင် ဘာမှပြောလာခြင်း မရှိသောကြောင့် ပိုပြီးအားနာရသည် ။

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now