Part.14

102 13 1
                                    


ထွက်ခွာသွားသည့် ကျောပြင်ကိုကြည့်ကာ မျက်ရည်တို့ကို ထိန်းထားဆဲပင် ။ တစ်ဖန်ပြန်ပိတ်သွားသည့် တံခါးပိတ်သံရဲ့ နောက်တွင်တော့ အလုံးစုံပြိုလဲကျတော့သည် ။ ဝမ်းနည်းကြေကွဲရသည့် စိတ်အစုံတို့သည် နာကျင်မှုအပြည့်ပင် ။

မျက်ရည်တို့ အဆက်မပြတ်စီးကျနေကာ အသက်ရှူကြပ်မတတ် အသံတိတ်ငိုကြွေးနေရသည် ။ ရင်ဘတ်ထဲက အောင့်တက်လာသည့် နာကျင်မှုဒဏ်ကြောင့် အသက်ပင်မရှူနိုင်အောင်ပင် ။
အခန်းထဲသို့ သွားရန်ပြင်သော်လည်း အားလျော့နေသည့် ခြေအစုံကြောင့် ကြမ်းပြင်ထက်သို့ ခွေလဲသွားရသည် ။

" တိမ်လွှာ! "

storeဆိုင်မှ ဝယ်စရာရှိတာ အချိန်ဆွဲဝယ်ကာ တမင်ရှောင်ပေးနေလိုက်သည် ။
ပြီးလောက်မဲ့အချိန်ကို မှန်းပြီး ပြန်လာကာ အိမ်ထဲသို့ ဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းဟာ ရင်ကွဲမတတ်ပင် ။ ကြမ်းပြင်၌ခွေခွေလေး လဲကျနေသည့် တိမ်လွှာ့ကို ကောက်ပွေ့ကာ

" တိမ်လွှာ အဆင်ပြေရဲ့လား "

ရင်ဘတ်ကိုဖိကာ နာကျင်မှုကို အတင်းခံစားနေရသည့် တိမ်လွှာကြောင့် သတိမထားမိခင်မှာပင် မျက်ရည်တို့စီးကျလာသည် ။

" အခန်းထဲမှာ ဆေးရှိတယ်မလား ။ ခဏလေး တို့သွားယူပေးမယ် "

အခန်းထဲသို့ အမြန်ပြေးဝင်ကာ ဆေးဗူးကို လိုက်ရှာမိသည် ။ အံဆွဲထဲတွင် အပြည့်ရှိဟန်ရသည့် ဆေးဗူးကို ယူကာ အခန်းအပြင်သို့ ပြေးထွက်လာသည် ။

" တိမ်လွှာ ဒီမှာဆေးသောက်လိုက် "

အရာမယွင်းသေးသည့် ဆေးဗူးထဲမှ ဆေးတချို့ကိုယူကာ တိမ်လွှာ့ကို တိုက်လိုက်သည် ။

" အဆင်ပြေရဲ့လား တိမ်လွှာ "

" အရမ်းနာတယ် ။ ဒီနေရာက အရမ်းနာတယ် "

ခပ်တိုးတိုးထွက်လာသည့် အသံလေးဟာ ရင်တစ်ခုလုံးကို စုတ်ဖြဲလိုက်သလိုပင် ။ အမြဲတမ်းနာကျင်မှုကို တစ်ယောက်တည်း ကြိတ်ခံနေခဲ့သည့် တိမ်လွှာ့အဖြစ်ကို မြင်ယောင်မိပြီး မျက်ရည်တို့ပိုမိုစီးကျလာသည် ။

" တောင်းပန်ပါတယ် ဂရုမစိုက်ပေးခဲ့မိလို့ တောင်းပန်ပါတယ် ကလေးရယ် .. "

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now