Part_2

161 10 0
                                    

အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးဟာ လူအများကို ဒုက္ခရောက်စေသည် ။
မိုးရေထဲ ပြေးနေသူများကပြေးကြ ၊ အဆောက်အဦးတွေအောက် မိုးဝင်ခိုကြသူများက ခိုကြနှင့် ...

တစ်သမတ်တည်းသွားနေသည့် သဘာဝတရားကြီးတောင် ပြောင်းလဲတတ်သေးတာ လူတွေပြောင်းလဲတတ်တယ်ဆိုတာ အပြစ်ပြောစရာတစ်ခုတော့ မဟုတ်ပေ ။

" မမ.. အပြင်မှာ မိုးတွေရွာနေရော..
ဒီနေ့ကျောင်းမတက်ဘဲ နေလိုက်ရမလား "

" ပထမဆုံး ကျောင်းတက်ရက်ကိုပျက်မလို့လား .. မိုးရိပ်!...
သွား.. ကားပေါ်က ဆင်းတော့  "

" ဟာ.. မမကလဲ အပြင်မှာ မိုးတွေဒီလောက်ရွာနေတာကို .. ကျွန်တော်က ဘယ်လိုသွားရမှာလဲ "

ယောကျာ်းလေးပီပီ ချွဲနွဲ့နေသည့် မိုးရိပ်ကိုကြည့်ကာ စိတ်လေမိသည် ။
ပုံမှန်ချိန်ဆို အနေတည်သလောက် ကျွန်မရှေ့ဆို ဆိုးနွဲ့နေတတ်တာကို‌တော့ အနည်းငယ်စိတ်ပျက်မိသည် ။

" အနောက်ခန်းထဲမှာ ထီးတစ်ချောင်းရှိတယ် .. အဲ့တာဆောင်းသွား "

" ရတီမိုးမြင့်တို့ တိကျတယ်ဆိုတာ မျက်မြင်ဘဲဟေ့....."

" ဘယ်အရာကိုဘဲဖြစ်ဖြစ် ကြိုတွေး ကြိုမြင်ပြီး ကြိုတင်ပြင်ဆင်ထားမှ တော်ကာကျမှာ ..
သွားတော့ .. ပထမဆုံး ကျောင်းတက်ရက်မှာ ကျောင်းနောက်ကျနေမယ် "

" ဆရာမကြီး သဘောတိုင်းပါဗျ ...
သွားပြီနော် မမ "

ခပ်ပြောင်ပြောင်ပုံစံနှင့် ကားပေါ်က ဆင်းသွားသည့် မိုးရိပ်ကိုကြည့်ကာ သက်ပြင်းချမိသည် ။
ငယ်ငယ်လေးကတည်းက အလွန်တွယ်ကပ်လွန်းပြီး  တည်ငြိမ်မလိုလိုနှင့် ခပ်ဆိုးဆိုးကောင်လေး တစ်ယောက်ကို ထိန်းရသည်မှာလဲ မလွယ်လှပေ ။

ကျွီ!!!!

မိုးစက်များကြောင့် မြင်ကွင်းမသဲကွဲကာ သတိထားမောင်းနေရာမှ ကျောင်းပေါက်ဝမှအထွက် ရုတ်တရက် လူတစ်ယောက်ထွက်လာတာကြောင့် ဘရိတ်ကို ဆောင့်အုပ်လိုက်ရသည် ။
တုန်လှုပ်သွားသည့် စိတ်‌တို့နဲ့အတူ လူတိုက်မိသွားပြီ အထင်နှင့်  အဆောင်းမပါဘဲ ကားပေါ်မှဆင်းကာ မိုးရေထဲပြေးဆင်းကြည့်ရသည် ။

A Desire(ဆန္ဒတစ်ခု)Όπου ζουν οι ιστορίες. Ανακάλυψε τώρα