Part_12

73 11 0
                                    


" ဟိုနေ့က ကိစ္စကိုစိတ်ဆိုးနေတုန်းလား "

နံနက်အစော အိမ်သို့ရောက်ချလာကာ သဘောရှိတိုင်းနံနက်စာကိုပြင်ဆင်ပြီး အတူစားခိုင်းစေသည် ။
မေဟာ သူ့သဘောအတိုင်း လိုက်လျောပေးမှသာ သဘောကျတတ်သည် ။ နံနက်စာစားနေရင်း မေ မေးလာသည့် မေးခွန်းဟာ ဘယ်ကိစ္စကို ဆိုလိုသည်မှန်း မသိသော်လည်း မေ့ကိုဘယ်သောအခါမှ စိတ်ဆိုးခြင်း မရှိခဲ့ချေ ။

" ကျွန်တော် မေ့ကိုစိတ်မဆိုးပါဘူး "

" ဒါဆို မျက်နှာက ဘာလို့ဒီလောက်ညှိုးနေတာလဲ "

" မေတောင် ကျွန်တော့်ကို ဂရုစိုက်တတ်လာပြီဘဲ ။ "

မေဟာ ကျွန်တော့်ကို ဒေါသတကြီးကြည့်နေမည် ဟုထင်သည် ။ မေ့ရဲ့ အကြည့်တို့ကို ရင်မဆိုင်ဘဲ နံနက်စာသာ ဆက်စားနေလိုက်သည် ။

" တို့လွန်သွားတယ်ထင်လို့ တာဝန်အရမေးတာ ။ "

ပြောပြီးနံနက်စာသာ ဆက်စားနေသည့် မေ့ကြောင့် မေမသိအောင် ပြုံးလိုက်မိသေးသည် ။ မေ့ရဲ့စိတ်ဟာ ခန့်မှန်းရခက်သည် ။ နူးညံ့သလိုနဲ့ မာကြောပြီး မာကြောသလိုနဲ့ နူးညံ့တတ်သည့် မေ့ရဲ့စိတ်ဟာ သိပ်နားလည်ရခက်သည် ။ မေ့ရဲ့နူးညံ့စွာသော အပြုအမူတို့ကိုတော့ တစ်ခါမှ မတွေ့ရသေးချေ ။

" ကျွန်တော် အစ်မကို ချစ်နေမိပြီ "

ရပ်တန့်သွားသည့် မေ့ရဲ့အပြုအမူတို့ကြောင့် မေအံ့ဩသွားဟန်ရသည် ။  မေ့ရဲ့မျက်ဝန်းတို့ကတော့ ခန့်မှန်း၍ မရချေ ။ ခဏတာရပ်တန့်သွားသည့် မေ့ရဲ့အပြုအမူတို့သည် ပုံမှန်ပြန်ဖြစ်သွားကာ ....

" ဆေးတွေ ပုံမှန်မသောက်ဘူးလား ။ နောက်တစ်ကြိမ်ချိန်းထားတဲ့ အချိန်တောင်ရောက်တော့မယ် ။ ဆေးတွေက အရာတောင်မယွင်းသေးဘူး ။ "

" မေ "

" တို့ပြောတာကို ပြီးအောင်နားထောင်လေ "

" ကျွန်တော်တို့ ပြောနေတဲ့ အကြောင်းအရာက တစ်ခုစီ ဖြစ်နေတယ် "

" ဒါဆိုလဲ နောက်မှပြောကြတာပေါ့ ။ တို့အလုပ်ရှိသေးတယ် ။ အရင်ထနှင့်ပြီ ။"

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now