နဖူးပေါ်သို့ကျရောက်လာသည့် လက်တစ်စုံဟာ ခပ်နွေးနွေးအငွေ့အသက်ကို ခံစားရပေမည် ။" မေ "
" ကိုယ်နွေးနေသေးတာဘဲ "
အိပ်ယာထက်တွင် ထိုင်နေသည့် ခပ်သေးသေးကိုယ်လေးဟာ နဂိုထက်ပင် ပိန်ကျသွားသည် ။ လက်သေးသေးလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ
" တိမ်လွှာ့သဘောထားကို ပြောကြည့် ။ "
" ဘာကိုလဲ "
" တိမ်လွှာ့နှလုံးသားဆန္ဒကို ။
တို့အကုန်လိုက်လျောပေးမယ် ။ "" ကျွန်တော်လိုချင်တဲ့အရာတွေဆို မပိုင်ဆိုင်ရတာများတယ် ။
ဥပမာ မေ့လိုပေါ့ ။ "စူးအောင့်သွားသည့် ခံစားချက်ဟာ နစ်နစ်နဲနဲပင် ။ တောက်ပမှု ရှိမနေတော့သည့် မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ ပင်ပန်းနေဟန်ရသည် ။
" ကျွန်တော် နောက်နှစ်ဆို ကျောင်းပြီးပြီ ။
ကျွန်တော် တခြားသူတွေလို ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ မသိသေးဘူး ။ ကျွန်တော့်မှာ ရည်မှန်းချက် ပန်းတိုင်ဆိုတာ မရှိဘူး မေ ...ဒါပေမဲ့ မေ့ကို မပင်ပန်းစေချင်တော့ဘူး ။
မေ ကျွန်တော့်ကြောင့် အရမ်းပင်ပန်းနေခဲ့ပြီ "လေးလေးနက်နက် ဆိုလာသည့် စကားတို့ကို ပြန်တုန့်ပြန်ဖို့ရာ ဝန်လေးနေမိသည် ။
" တို့ အရမ်းပင်ပန်းခဲ့ရတယ် ဆိုတာ မှန်တယ် ။
တို့ဘာကြောင့် ဒီလောက် အပင်ပန်းခံခဲ့လဲဆိုတာ အကြောင်းပြချက် တစ်ခုဘဲ ရှိတယ် "" ဘာများလဲ မေ "
မေဟာ အသာပြုံးပြီး ဦးခေါင်းလေးကို အသာပွတ်ပေးကာ ....
" တို့ တိမ်လွှာ့ကို အားနာလို့ "
" အားနာတယ် "
မေ့ဆီက တစ်ခါမှ မမြင်ဖူးခဲ့သော အပြုံးတို့ဖြင့် မေဟာ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည် ။
အခန်းတံခါး ပိတ်သွားသည်နှင့် အပြုံးတို့ဟာ ချက်ချင်းပျောက်ကွယ်သွားကာ မျက်ရည်စတို့က နေရာဝင်ယူလေသည် ။
ပိတ်နေသည့် အခန်းတံခါးကို နောက်ပြန်ကြည့်ကာ မျက်ရည်တို့ ပိုမိုစီးကျလာလသည် ။