Part.16

155 12 2
                                    

" မေ "

စိုးရိမ်နေသည့် ခပ်တိုးတိုးလေသံလေးကို အားပေးဖို့ရာ လက်ကလေးကို အသာဆုပ်ကိုင်လိုက်သည် ။

" ဘာမှမစိုးရိမ်နဲ့ .. တိမ်လွှာ .. အဆင်ပြေသွားမှာပါ "

" စိမ်း.. ဆရာဝန်ကြီး ခေါ်နေပြီ ။
ကိုယ်နေခဲ့ရမလား "

" ရတယ် တို့အတွက် အဖော်ရအောင်  Youပါ လိုက်ခဲ့လိုက် "

လျှောက်လှမ်းနေသည့် ခြေလှမ်းတို့ လေးလံနေကြောင်း ကိုယ်တိုင်သာ သိလိမ့်မည် ။ တိမ်လွှာ့၏ ဆေးစစ်ချက်အဖြေဟာ တကယ်ကို စိတ်လှုပ်ရှား ပူပန်ရသည် ။
တိမ်လွှာဟာ သိပ်ကို ခေါင်းမာသည့် ကလေးတစ်ယောက် ။ သူမလုပ်ချင်သည့် အရာကို ဘယ်လောက်ဘဲ ဖိအားပေးနေပါစေ အဆုံးထိ မလုပ်ဘဲ ခေါင်းမာလေ့ရှိသည် ။ အခုလို ဆေးရုံမှာ ဆေးစစ်ဖို့ဆိုတာ ကိုယ့်မျက်ရည်ကျခဲ့ခြင်းကြောင့်သာ လက်ခံခဲ့ခြင်း ဖြစ်သည် ။ 

" မွေးကတည်းက နှလုံးအားနည်းခဲ့တာဆို‌တော့ ရလဒ်ကတော့ ကျွန်တော်တို့အတွက် အားရစရာမရှိပါဘူး ။ "

" ဘယ်လိုလဲဆရာ အသေးစိတ်ပြောပြပေးလို့ရမလား "

" နှလုံးရဲ့အဆို့ရှင်တွေက သိပ်အလုပ်မလုပ်တော့တာကြောင့် ဆေးသောက်ရုံအဆင့်နဲ့ မရတော့ဘူး ။  နှလုံးခုန်မမှန်တာတို့ ၊ ရင်ဘတ်ထဲက ထိုးအောင့်လာတဲ့အချိန် နာကျင်မှုကို မခံနိုင်ဘဲ သတိမေ့တာတို့ ဖြစ်လာနိုင်သလို အဆိုးဆုံးက ရုတ်တရက် နှလုံးခုန်ရပ်တာတွေအထိ ဖြစ်လာနိုင်တယ် ။
ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ နှလုံးအစားထိုးလိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ထင်တယ် ။
အစားထိုးဖို့အတွက် ကျွန်တော်တို့ဆေးရုံဘက်က ကိုက်ညီတဲ့နှလုံးကို အတတ်နိုင်ဆုံး ရှာပေးမှာဖြစ်သလို လူနာရှင်ဘက်ကလဲ ရှာဖွေပေးဖို့ အကြံပြုချင်ပါတယ် ။
ကြိုမမြင်နိုင်တဲ့ အခြေအနေတွေအတွက် အမြန်ဆုံးလုပ်ဆောင်တာ အကောင်းဆုံး ဖြစ်မယ် ။
ကိုက်ညီတဲ့နှလုံး ရှာမတွေ့တဲ့ အချိန် အတောအတွင်းတော့ လူနာကို အတတ်နိုင်ဆုံး စိတ်ညစ်စရာ ၊စိတ်ရှုပ်စရာ ကိစ္စတွေမရှိဖို့ အထူးဂရုစိုက်ပေးစေချင်တယ် ။ "

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now