Part_10

77 9 0
                                    

အချိန်အခါမဟုတ် ရွာသွန်းလာသည့် မိုးဟာ နဂိုရှိနေသည့် အအေးဓာတ်တို့ကို ပိုပြီးအားဖြည့်ပေးနေသယောင် ခပ်စိမ့်စိမ့်ပင် ။

" ကိုယ်အပေါ်ထိ လိုက်မပို့တော့ဘူးနော် "

ခပ်လှလှမျက်စောင်းတစ်ခုဟာ ရုတ်ချည်းကျရောက်လာခဲ့သည် ။

" လိုက်ပို့လို့လဲ မရပါဘူး "

ထိုအမျိုးသားဟာ ခပ်ဟဟရယ်ရင်း နဖူးထင်သို့ ခပ်ဖွဖွနမ်းကာ

" စိမ်းဆိုတဲ့ အမျိုးသမီးကို ပိုင်ဆိုင်ခွင့်ရရင် သိပ်ပျော်စရာကောင်းမှာဘဲ "

" ဦးမျိုးခန့်ဆိုတဲ့ ထိပ်တန်းစီးပွားရေးသမားကြီးကလဲ စိမ်းဆိုတဲ့ အမျိူသမီးဆီမှာ ကျရှုံးတော့တာဘဲလား "

" စိမ်းကသိပ်ညှို့နိုင်တာကို "

" တော်ပါ youရယ် .. တို့သွားတော့မယ် "

ကားပေါ်မှဆင်းကာ အနောက်ကိုတစ်ချက်ပြန်လှည့်မကြည့်သည့် စိမ်းရဲ့ အကြည့်တစ်ချက်လေးကပင် ပိုင်ဆိုင်ချင်စိတ်တို့ကို တဖွားဖွားဖြစ်ပေါ်စေသည်  ။
အချစ်စိတ်တို့ သေဆုံးခဲ့တာကြာခဲ့ပြီဆိုသည့် စိမ်းရဲ့အချစ်စိတ်တို့ အဆုံးသတ်ကို လိုက်ရှာချင်မိသည် ။
ပြန်လည်ရှင်သန်အောင် ပြုစုပျိုးထောင်ပေးချင်သည် ။

" ချစ်လွန်းလို့ အပိုင်သိမ်းထားချင်မိတာ ။ ဒါကို မင်းကအကြိမ်ကြိမ်ငြင်းတယ် ။
မင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်ဘာတွေများ လိုအပ်နေသေးလို့လဲ "

ချစ်ရသူရဲ့ နောက်ကျောထက်က စကားသံတို့ကို သူမကတော့ ကြားလိမ့်မည် မဟုတ် ။
အကြိမ်ကြိမ်ငြင်း‌ပယ်ခံနေရသည့် ချစ်ခြင်းမေတ္တာတို့ဟာလဲ မျက်နှာငယ်ရလေသည် ။

>>>>>>>>>>>>>>>

တံခါးရှေ့မှာ အတန်ကြာရပ်ကာ ဘဲလ်ကိုအကြိမ်ကြိမ်တီးပါသော်လည်း လှုပ်ရှားလာခြင်းမရှိသည့် တံခါးကြောင့် အတွေးတို့နှင့်အတူ စုတ်တစ်ချက်သပ်လိုက်သည် ။

" အပြင်သွားနေတာလား ။ ဒီလောက်အေးနေတာကို "

အတွေးတို့ဟာ စကားသံအဖြစ်ပြောင်းလဲခဲ့ပြီး တံခါးကို သော့ဖြင့်ဖွင့်မည်အလုပ် လှုပ်ရှားလာသည့် တံခါးကြောင့် ရပ်တန့်လိုက်ရသည် ။ တံခါးနောက်မှ ထွက်ပေါ်လာသည့် မျက်နှာလေးဟာ ညှိုးငယ်စွာဖြင့် ။

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now