Part.4

129 12 0
                                    

ပျောက်ဆုံးသွားသည့် အရာကို ပြန်ရှာတွေ့ကောင်းတွေ့နိုင်ပေမဲ့ ဆုံးရှုံးလိုက်ရတဲ့အရာကိုတော့ ပြန်မရတတ်ကြောင်းကို လက်တွေ့ဘဝကြီးက သက်သေပြနေသည် ။

မှောင်မဲနေသည့် ကောင်းကင်ယံတွင် လမင်းကြီးက ထိန်ထိန်သာနေသလို ကြယ်ရောင်စုံတို့ကလဲ လမင်းကြီးနှင့်အတူ တဖျက်ဖျက်နှင့်ပင် အမှောင်ထုကို အလှဆင်ထားပေသည် ။

ထိုကောင်းကင်းယံကြီးလိုပင်
အမှောင်ထဲမှာ လမ်းပျောက်နေသည့် လူတစ်ယောက်၏ဘဝကိုတော့ မည်သည့်အရာက အလှဆင် လမ်းပြပေးနိုင်မည်နည်း။

အကြိမ်ကြိမ်ချလိုက်ရသည့် သက်ပြင်းတွေသာ သက်ရှိဖြစ်နေခဲ့ရင် အခုချိန်လောက်ဆို ငြိုငြင်လောက်ရောပေါ့ ။
ဘယ်လိုမှမတတ်နိုင်တော့သည့် အခြေအနေမှာ သက်ပြင်းချရုံ ၊ မျက်ရည်ကျရုံမှတစ်ပါး ဘယ်အရာကိုများ စွမ်းဆောင်နိုင်မည်နည်း ။

" သမီး "

နောက်ကျော‌ဘက်မှ ထွက်ပေါ်လာသောအသံဟာ များစွာသောအတွေးများကို ရပ်တန့်သွားစေခဲ့သည် ။

" ဖေဖေ... မအိပ်သေးဘူးလား "

" ဖေ့ဖေ့ကိုသာ မေးနေတာ သမီးကရော ဒီအချိန်ထိ မအိပ်သေးဘဲ အပြင်ထွက်ပြီး ဘာလုပ်နေတာလဲ "

" အိပ်မပျော်လို့ ဒီတိုင်း ခြံထဲလမ်းထွက်လျှောက်ရုံပါ "

" ဖေ့ဖေ့ကိုအမှန်တိုင်းပြောနော်... သမီးအခုတလောမျက်နှာသိပ်မကောင်းဘူး အဆင်ရောပြေရဲ့လား..
မိုးရိပ်ကလဲမေးနေတာ အခုတလောသမီးကို မတွေ့ရလို့တဲ့ "

" သမီး အဆင်ပြေပါတယ် ဖေဖေ...
အခုကိုင်ထားတဲ့ project ကိုလက်စသတ်နေလို့ မိုးရိပ်နဲ့မတွေ့ဖြစ်တာပါ "

" သမီးအဆင်ပြေရင် ရပါပြီ...သမီးက လူငယ်ဘဲရှိသေးတာ အလုပ်တွေဘဲ အရမ်းဖိလုပ်မနေနဲ့အုံး...
Company မှာဖေဖေလဲ ရှိနေသေးတာဘဲ
တစ်ခါတစ်လေတော့ လွတ်လွတ်လပ်လပ်နေပါအုံးလား "

" ဟုတ်ကဲ့ပါ ဖေဖေ... ဒီ projectကို လက်စသတ်ပြီးရင်တော့ သမီးနားလိုက်ပါ့မယ် "

ဖြေးညင်းစွာ တိုက်ခတ်လာသည့် လေပြေတချို့ရဲ့ ထိတွေ့မှုဟာ အေးစက်သယောင်ယောင် ..
တစ်‌ယောက်ထဲ ‌အတွေးများနှင့် ပင်ပန်းနေရသည့်အချိန်တွင် တစ်စုံတစ်ယောက်နှင့် စကားတွေပြောနေရသည့်အချိန်သည် ခံစားချက်တစ်ဝက်ကို သက်သာစေသည် ။

A Desire(ဆန္ဒတစ်ခု)Where stories live. Discover now