Part_11

77 12 0
                                    

အမှောင်ဓာတ်တို့ကြီးစိုးလာချိန် အအေးဓာတ်တို့ဟာလဲ ပို၍အားကောင်းလာသည် ။ ကောင်ကင်ယံတွင် တစ်ဝက်သာမြင်ရသည့် လမင်းကြီးတည်ရှိနေပြီး ကြယ်ရောင်စုံတို့ကတော့ ဟိုတစ်ပြောက် ဒီ‌တစ်ပြောက်ပင် ။
ဖြာကျနေသည့် လရောင်နှင့်အတူ လမ်းမီးတိုင်အောက်တွင် အနက်ရောင်ကားတစ်စီး ရပ်ထားလေသည် ။ ထိုကားပေါ်တွင် အမျိုးသမီးတစ်ဦးရှိနေရာ သိပ်မဝေးလှသည့် မျက်နှာချင်းဆိုင်က တိုက်ခန်းတစ်ခုဆီသို့ မျှော်ကြည့်နေခဲ့သည် ။

" အိပ်သွားပြီ ထင်တယ် "

လက်ကနာရီဟာ ၈နာရီကိုညွှန်ပြနေကာ အိပ်ချိန်အတွက် စောသေးသည်ဖြစ်သော်လည်း တိုက်တစ်တိုက်လုံးတွင် ထိုတစ်ခန်းသာ မီးရောင်မရှိ မှိတ်ထားကာ အမှောင်ကျနေသည် ။

ကားစီယာတိုင်ပေါ်သို့ မျက်နှာအပ်ကာ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေမိသည် ။ ဒီရပ်ဝန်းကနေ တမင်ရှောင်ပြေးခဲ့ရာမှ ဒီရပ်ဝန်းကိုဘဲ ပြန်အခြေချနေမိသည် ။ စိတ်တို့ကို ချုပ်တည်းနိုင်စွမ်းမရှိတော့၍ မျက်နှာလေးများ မြင်ရမလားဆိုသည့် စိတ်တို့ကြောင့် ညနေကတည်းက ဒီနေရာကပင် စောင့်ကြည့်နေပါသော်လည်း အခန်းလေးဟာ ပကတိငြိမ်သက်နေပြီး လှုပ်ရှားမှုတစ်ခုမှ မရှိချေ ။

ဒေါက်!ဒေါက်!

ကားတံခါးကို ခေါက်လာတာကြောင့် ရုတ်တရက်ခေါင်းထောင်ကြည့်လိုက်ရာ လမ်းမီးရောင်အောက်တွင် မြင်လိုက်ရသည့် ရင်းနှီးနေသည့် ပုံရိပ်လေးကြောင့် ကားပေါ်မှ အလျင်အမြန်ဆင်းလိုက်တာ့သည် ။

" အစ်မ ဒီအချိန်ထိ ဘာလုပ်နေတာလဲ ။ "

" အပြင်မှာအေးနေတာကို ဘာလို့ထွက်လာတာလဲ တိမ်လွှာ "

တစ်ယောက်ရဲ့ မေးခွန်းကို တစ်ယောက်ကမဖြေဘဲ မေးခွန်းတွေသာ ထပ်နေခဲ့သည် ။ မျက်လုံးဝိုင်းဝိုင်းလေးတို့ရဲ့ စိုက်ကြည့်ခြင်းခံရတာကြောင့် ထိုမျက်ဝန်းတို့ကို ရှောင်ဖယ်နေမိသည် ။

လက်ကောက်ဝတ်သို့ ဆုပ်ကိုင်လာသည့် ခပ်နွေးနွေးလက်ကလေးကြောင့် ခန္ဓာကိုယ်ထဲသို့ လျှပ်စီးများ စီးဝင်လာသလိုပင် ။

A Desire(ဆန္ဒတစ်ခု)Nơi câu chuyện tồn tại. Hãy khám phá bây giờ