" မမ.. မနက်ဖြန် ကျောင်းပိတ်ရက် အပြင်သွားရအောင် "
" မနက်ဖြန် မအားဘူး .. "
" မမက ဒီတစ်ပတ်လုံး ကျောင်းပို့ကျောင်းကြိုလုပ်ပေးနေတော့ ကျနော်က ပိတ်ရက်မုန့်လိုက်ကျွေးချင်လို့ကို "
မိုးရိပ်၏ စကားကို အဖြေပြန်မပေးသေးဘဲ
ကျောင်းထဲသို့ ကားကွေ့ဝင်လိုက်ပြီး အနည်းငယ် လူရှုပ်နေသဖြင့် သတိထားမောင်းနေရသည် ။" မနက်ဖြန် ..ဖေဖေနဲ့ စက်ရုံတွေဘက်လိုက်ကြည့်ရအုံးမှာ မအားဘူး "
" ဟာမမတို့ကလဲ အလုပ်ဘဲလုပ်နေကြတာ .. နားချိန်တော့နားပါအုံးဗျာ ... ဦးခန့်ကိုလဲ ပြောရအုံးမယ် မမကို အလုပ်တွေကြည့်ဘဲ မလုပ်ခိုင်းပါနဲ့လို့ ။
ကျနော်ကျောင်းမြန်မြန်ပြီးမှ ဖြစ်မယ် .. ဒါမှ မမကိုယူပြီး အိမ်မှာဘဲနေခိုင်းရမယ် "" တစ်ဖက်သတ်ကြီး ..နင့်ကို ဘယ်သူက ယူမယ်ပြောလို့လဲ ...
ဆင်းတော့ ရောက်ပြီ "" မမက ကျနော့်အပိုင် .. "
ပြောပြီး ကာပေါ်က ဆင်းသွားကာ
ခပ်တည်တည်ဖြင့်ဆိုသွားသည့် စကားဟာ ဘာကြောင့်မှန်းမသိ ရင်ထဲတွင်တလှပ်လှပ်ဖြင့် ။
ပုံမှန်အချိန်စကားပြောပုံထက် စူးရှနေသည့်အကြည့်တို့ကို မိုးရိပ်ရဲ့မျက်လုံးတို့တွင် တွေ့နေရ၏ ။တစ်ခုခုကို စိတ်ထဲထင့်နေသလို ခံစားနေရသည့် စိတ်တို့ကြောင့် ကားပေါ်တွင် အသာငြိမ်နေလိုက်သည် ။
အသက်ကို ခပ်ပြင်းပြင်းရှူထုတ်ကာ ကားစက်နှိုးမည်အလုပ် မျက်စိရှေ့မှ ဖြတ်သွားသော ပုံရိပ်လေးကြောင့် ကားပေါ်မှ အလျှင်အမြန်ပြေးဆင်းမိသည် ။" ကလေး! "
ကိုယ်တိုင်တောင် သတိမထားမိလိုက်ခင်မှာဘဲ ထွက်ကျလာသည့် အသုံးပြုလိုက်မိသည့် နာမ်စားတစ်ခုဟာ နူးညံ့လွန်းသည် ။
နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့် အနောက်သို့လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ဦး ...
ဘေးဘီဝေ့ဝဲလိုက်ကြည့်ပြန်ရာ နီးနီးနားနားတွင် တစ်ယောက်မှ ရှိမနေခဲ့ ။" ကျနော့်ကို ခေါ်တာလား "
မျက်လုံးဝိုင်းဝိုင်းလေးနှင့် လှည့်ကြည့်လာသည့် ခဏတာဟာ ဆုတောင်းတွေပြည့်ဝသွားသယောင် ကြည်နူးရ၏ ။
ကိုယ့်ကိုကိုယ်လက်ညှိုးထိုးကာ ကြောင်တောင်တောင်တောင် ဖြစ်နေသည့် ပုံစံလေးဟာ အူယားဖို့တော့ကောင်းလှသည် ။