Part- 3

1.6K 106 4
                                    

Part- 3




" ဘာဖြစ်လို့ သူ့ကလက်မခံရတာလဲ... ငါတို့ဘက်ကသူ့ကို ပင်တိုင်ဆရာဝန်အဖြစ်ကမ်းလှမ်းတာ အလကားကမ်းလှမ်းတာမှမဟုတ်တာ... သူရသင့်ရထိုက်တဲ့အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေထက်ကျော်လွန်တဲ့ အရာတွေလည်းလုပ်ကိုင်ခွင့်ပေးအုံးမှာပါ... ဒါတွေကိုရော မင်းထည့်မပြောလိုက်ဘူးလား... ဟမ်း..."

" ကျနော့်မှာအဲ့ဒီလိုပြောခွင့်တောင်မရလိုက်ပါဘူး သခင်မကြီး... လူတစ်ယောက်တည်းအတွက်သီးသန့်ဖြစ်တည်ပေးရမယ့် ပင်တိုင်ဆရာဝန်လို့ပြောလိုက်တာနဲ့ သူ့ဘက်က လုံးဝမဖြစ်နိုင်ကြောင်း မလုပ်နိုင်ကြောင်းငြင်းခဲ့တာပါ... ကျနော့်စကားကိုလည်းထပ်ပြီးနားမထောင်တော့ပါဘူး... ကျနော့်ကိုအိမ်ပြန်ဖို့ပြောလာတော့တာပါပဲ... "

မပြောပြလည်း ထပ်မေးနေအုံးမှာနဲ့ အတူတူ မောင်ဟိန်း အကျိုးအကြောင်းအကုန်အစင်ကို ကြိုတင်ပြောပြထားလိုက်သည်။

ဒါမှလည်းဘာဆက်လုပ်သင့်သလဲဆိုတာကို ဒေါ်စောအိမ်စည်ဆုံးဖြတ်နိုင်မှာမဟုတ်လား...။

မောင်ဟိန်းပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ရင်း ဒေါ်စောအိမ်စည်တစ်ယောက် ရင်ထဲမှာမခံမရပ်နိုင်ဖြစ်နေရသည်။

မရနိုင်... မဖြစ်နိုင်ဘူး ဆိုတာကို ကြိုတင်ပြီးတွေးထားမိသည့်တိုင်... အခုလို တကယ်ကြီးဖြစ်မလာတော့ ဘယ်လောက်ပဲ ကြိုတွေးဖြေသိမ့်ထားခဲ့ပါစေ... ရင်ထဲမှာ ခုသွားရတာတော့အမှန်ပါပင်...။

ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သေချာပေါက်ဖြစ်မြောက်အောင်လုပ်မယ်လို့ သူဆုံးဖြတ်လိုက်သည်။

သူမကျေနပ်နိုင်ဘူး...။ သူ့မြေးလေးအတွက် ဒီလူကို သူရမှကိုဖြစ်မယ်... ။

သေချာပေါက်ဒီလူမှဒီလူပဲ...။

" ငါကိုယ်တိုင်သွားပြောမယ်... မောင်ဟိန်း... မင်းကားပြင်ထားလိုက်... "

" အခုချိန်ဆို သူအိမ်မှာမရှိလောက်သေးဘူး သခင်မကြီး... တွေ့ချင်ရင် နောက်တစ်နေ့မှပဲ "

" မလိုချင်ဘူး... ငါသူနဲ့ဒီနေ့တွေ့ရမှကိုဖြစ်မယ်"

မြေးဖြစ်သူအတွက် စိတ်လောနေပြီဖြစ်သည့် ဒေါ်စောအိမ်စည်... ။ ခမြေမိုးနဲ့တွေ့ရဖို့အတွက် တစ်ရက်လေးတောင် မစောင့်နိုင်တော့ပါ...။

ကြင်သူသို့... ( Completed) Where stories live. Discover now