Part - 4

1.5K 98 4
                                    

Part- 4





" ကျနော်ကြိုးစားကြည့်ချင်တယ်ဖွား... ကျနော့်ကိုအခွင့်အရေးပေးပါ... "

" ဒါက လူကြီးတွေကြားက အလုပ်ကိစ္စလေ... သားတို့လိုကလေးတွေနဲ့ သက်ဆိုင်တဲ့အလုပ်မှ မဟုတ်တာ... ဖွားခွင့်မပြုပေးနိုင်ဘူးခေါင်... "

ခမြေမိုးဆီ သူကိုယ်တိုင်သွားပြီး တောင်းဆိုပေးမည်ဆိုသည့် ခေါင့်သဘောကို ဒေါ်စောအိမ်စည် ပြတ်ပြတ်သားသားပဲငြင်းလိုက်သည်။

ဒီကိစ္စကို ကြယ်လေးဆီက သိခဲ့ဟန်တူသည့် ခေါင်က ယခုည၇နာရီထိုးပြီးတဲ့ အချိန်အထိအိမ်မပြန်သေးဘဲ သူ့ဆီမှာတောင်းဆိုနေခဲ့သည်။

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ... လုပ်ငန်းနဲ့သက်ဆိုင်နေတဲ့ မောင်ဟိန်းကိုယ်တိုင်သွားပြီးကမ်းလှမ်းတာတောင် မရခဲ့တဲ့ကိစ္စကို ခေါင့်လိုလူငယ်လေးတစ်ယောက်က ဘယ်လိုစွမ်းဆောင်နိုင်မှာလဲ... မဖြစ်နိုင်တာ...။

" ကျနော့် ကိုယုံကြည်ပေးပါ... ကျနော် တစ်ကြိမ်တစ်ခါလောက်ပဲ သွားတွေ့ကြည့်ပါရစေ... ဒါမှမဟုတ်ရင်လည်း ဖွား ကျနော့်ကို သူနေတဲ့လိပ်စာလေးပဲပြောပြပေးပါ...ကျနော်တစ်ယောက်တည်းသွားပါ့မယ်... နော်ဖွား... "

" မင်းဘာတွေဖြစ်နေတာလဲခေါင်... မင်းပုံစံက အရင်လိုမဟုတ်ဘူးနော်... ဖွားကိုအမှန်တိုင်းပြောစမ်း... မင်းဘာကြောင့် ဒီကိစ္စကို ဒီလောက်အထိပါဝင်စွက်ဖက်ချင်နေတာလဲ... "

သိပ်ပြီးမူမမှန်နေသည့် ခေါင့်အပြုအမူတွေကြောင့် ဒေါ်စောအိမ်စည် ခေါင့်ကိုပြောင်ပြောင်တင်းတင်းပဲမေးချလိုက်မိသည်။

ခေါင်ပြန်မဖြေ...။

သက်ပြင်းတစ်ချက်ကိုသာခိုးချလိုက်ကာ လိပ်စာကိုပဲ ဇွဲမလျော့စတမ်းတောင်းဆိုနေခဲ့သည်။

" ကျနော့်ကိုလိပ်စာလေးပဲပေးပါဖွား... ကျနော် သူ့ကို ကြယ်လေးဆီ မရရအောင်ခေါ်ပေးပါ့မယ်... "

ခိုင်မာတဲ့ကတိကိုပေးလာသည့်ခေါင်...။

ခေါင့်ပါးစပ်က ဒီလိုကတိစကားမျိုးထွက်ဖို့ဆိုတာတော်တော်ကြီးခဲယဉ်းမှန်းသိထားသည့် ဒေါ်စောအိမ်စည်... သူ ခေါင့်မျက်နှာကို နားမလည်နိုင်စွာကြည့်လိုက်ရင်း ခုဏကမေးခွန်းကိုပဲထပ်မေးလိုက်မိသည်။

ကြင်သူသို့... ( Completed) Where stories live. Discover now