Part- 11

1K 54 2
                                    

Part- 11




" တွေ့ရတာဝမ်းသာပါတယ် မောင်ခေါင်ရိပ်လွင်... ဦးနာမည်က မင်းသိတဲ့အတိုင်း ခမြေမိုးပါ... "

မသိစေချင်တဲ့သူအတွက်မသိချင်ယောင်ဆောင်ပေးဖို့ဆုံးဖြတ်လိုက်သည့် မြေမိုး... ခေါင့်ကို အခုမှစတွေ့ဖူးသလိုမျိုးလက်ဆွဲနှုတ်ဆက်လိုက်သည်။

ခေါင်ကလည်း သူ့စိတ်ကိုနားလည်ပေးသည့်မြေမိုးကို အသိမှတ်ပြုသလိုပြုံးပြကာ ကြယ်လေးအနားမှာပဲဆက်ပြီးရပ်နေခဲ့သည်။

ထိုအချိန်ကြယ်လေးက ခေါင့်ကို ညိုးငယ်စွာကြည့်ရင်း ခုဏကကိစ္စအတွက်တောင်းပန်စကားဆိုလာသည်။

" ခုဏကဖွား မင်းကိုပြောတဲ့စကားတွေအတွက် ငါကပဲတောင်းပန်ပါတယ်ကွာ... မင်းစိတ်ထဲမထားပါနဲ့နော်..."

" အာ... ထားလိုက်စမ်းပါကွာ... ငါကအေးဆေးပါ..."

ဘယ်သူတွေနဲ့ ဘယ်လောက်ပဲစော်ကားခံရပါစေ ကြယ်လေးဆီက ဒီလိုစကားလုံးမျိုးလေးတွေကြားလိုက်ရတာနဲ့ သူ့ အသိစိတ်ကအလိုလိုအရေထူသွားတက်သည်။

အခုလည်း ဒီအတိုင်းပါပဲ... ကြယ်လေးအရှေ့မှာဘာကိုမှ မဖြုံသလိုပြုမူနေမိပြန်ပါသည်။

တကယ်တော့ ကြယ်လေးရဲ့အပြုံးနဲ့ စကားလုံးတွေဟာ ခေါင့်အတွက် အဆိပ်ဖြေဆေးတစ်ဖုံလို သက်ရောက်မှု့ရှိတဲ့အရာတွေပါပဲ...။

မရုန်းနိုင် မလွတ်နိုင် ဒီနွံထဲမှာပျော်ပျော်ကြီးနစ်မြုပ်လို့နေခဲ့တာ...။

သူ့ကိုပစ်ပယ်ကာ ၂ယောက်သားစကားတွေဖောင်ဖွဲ့ပြောဆိုနေကြတဲ့ ခေါင်နဲ့ကြယ်လေးကိုကြည့်နေရင်း မြေမိုး သူတစ်စုံတစ်ခုကို သိနားလည်သွားခဲ့ရသည်။

အခုသူ့အရှေ့မှာရှိနေတဲ့ ခေါင်ရိပ်လွင်ဆိုတဲ့ ကောင်လေးဟာ ဒီမွေးရာပါရောဂါသည်ကောင်လေးကို မြတ်မြတ်နိုးနိုးချစ်နေတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ...။

အပြုအမူလေးတွေကအစ... စကားလုံးတွေအဆုံး ဂရုတစိုက်နဲ့ ပြုမူပြောဆိုနေတဲ့ခေါင်ဟာ မြေးဖြစ်သူကိုချစ်လှပါချည်ရဲ့ ဆိုတဲ့ ဒေါ်စောအိမ်စည်ထက် သာလွန်တဲ့မေတ္တာတရားတွေကိုပိုင်ဆိုင်ထားပါသည်။ ဒါကို ကြယ်လေးက မမြင်တာလား ဒါမှမဟုတ် သူငယ်ချင်းဆိုတဲ့ ခိုင်မာလွန်းတဲ့စည်းကပဲ ကွယ်ကာထားခဲ့တာလားသူမသိပေမယ့် သူကတော့ဒီကောင်လေးရဲ့ကြယ်လေးအပေါ်ထားတဲ့ မေတ္တာတရားတွေကိုအတိုင်းသားတွေ့မြင်နေရပါသည်။

ကြင်သူသို့... ( Completed) Where stories live. Discover now