Part- 18

942 54 0
                                    

Part- 18




နားနဲ့ဆက်ဆက်ကြားလိုက်ရတဲ့စကားကြောင့် ဒေါ်စောအိမ်စည်မျက်လုံးမျက်ဆံပြူးကျယ်သွားခဲ့ရသည်။

" ဒေါက်တာ...အခု ကျမကိုဘာပြောလိုက်တယ်..."

" ကျနော် အစ်မကြီးရဲ့မြေးကို နှစ်နှစ်ကာကာချစ်မြတ်နိုးမိသွားပြီ လို့ပြောလိုက်တာပါ အစ်မကြီး"

" ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ... ဒီလိုစကားကိုခေါင်ကပြောရင်တောင် ရူးမိုက်တက်တဲ့အရွယ်မို့ပြောလာတယ်ဆိုပြီး ကျမ လက်ခံထားလို့ရအုံးမယ်... ဒေါက်တာ့အသက်အရွယ် ဒေါက်တာ့စဉ်းစားဉာဏ်နဲ့ ဘယ်လိုလုပ်ပြီးတော့များဒီလိုစကားကိုအလွယ်ပြောထွက်နိုင်ရတာလဲ... ရူးများနေပြီလားဟမ်း"

မြေးဖြစ်သူကိုထိဖို့ကြိုးစားလာတာကြောင့်ဒေါ်စောအိမ်စည်ရင်ထဲက မြေမိုးအပေါ် လေးစားမှု့တွေကြက်ပြောက်ငှက်ပြောက် ပြောက်ကွယ်သွားခဲ့ရသည်။

စကားတွေကိုလည်းထိန်းမပြောနိုင်တော့ပါ...။

မြေမိုးကလည်း ဒေါ်စောအိမ်စည်ရဲ့လက်မခံနိုင်ခြင်းတွေကို နည်းနည်းမှဂရုမစိုက်...။ သူဆုံးဖြတ်ထားသလိုပဲ ဒီဘဝတစ်ဘဝလုံး သူကြယ်လေးအနားမှာ မခွဲအတူ နေခွင့်ရဖို့အရေး... အဆုံးထိတိုက်ပွဲဝင်သွားဖို့ သူ့စိတ်ကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

"ဟုတ်ပါတယ်... ချစ်မိသွားတဲ့လူတိုင်းက ရူးသွားတက်ကြပါတယ်... ကျနော်လည်းအဲ့ဒီလိုပဲ ရူးနေပါပြီ... ဒါပေမယ့် ရူးခြင်းရူး ကြယ်လေးကိုပြုစုပေးရင်း ကြယ်လေးအနားမှာရှင်သန်ရင်းဆက်ရူးသွားချင်ပါတယ်... အဲ့ဒါအစ်မကြီးဘက်ကခွင့်ပြုပေးနိုင်မလားပေါ့... မဟုတ်ရင်လည်း ကြယ်လေးက ကျနော့်ဘက်ပါနေပြီးသားပါ... အစ်မကြီးဆီကခွင့်ပြုချက်မရရင် ကျနော်ကြယ်လေးကိုအစ်မကြီးရင်ခွင်ထဲကနေဆွဲထုတ်သွားရပါလိမ့်မယ်... ဒါကြောင့် သေချာစဉ်းစားပေးပါအစ်မကြီး"

" ငါ့မြေးက ချစ်လို့မရဘူးဆိုတာ သိရက်သားနဲ့ နင်ဘယ်လိုလုပ်ရက်တာလဲ... ဟမ်း... မနေ့ကမှနင့်ကြောင့်ဆေးရုံရောက်သွားရတဲ့ကလေးကို နင်က ချစ်တယ်... ဟား... ငါအော်ရယ်လိုက်ချင်သေးတယ်... အချိန်တိုင်းဖုန်းဆက်မယ်ဆိုတဲ့ကတိကိုတောင် မတည်ပေးနိုင်တဲ့သူကများ..."

ကြင်သူသို့... ( Completed) Där berättelser lever. Upptäck nu