Part- 17
ကြယ်လေး ရောဂါဖောက်တယ်လို့ကြားတာနဲ့ အိမ်ကနေဖိနပ်တောင်မပါဘဲထွက်လာခဲ့သည်။ ဒီရောက်တော့ ဒေါ်စောအိမ်စည်က သူ့ကိုကြယ်လေးနဲ့တွေ့ခွင့်မပေးတာကြောင့် စကားကတောက်ကဆတောင်ဖြစ်လိုက်ရပါသေးသည်။
တွေ့ခွင့်ရပြန်တော့လည်း သူ့မှာရင်ကွဲရတာပဲ အဖက်တင်ခဲ့သည်။ အခုလည်း ဆေးရုံအပြင်ဘက်က မှောင်ရိပ်ကျနေတဲ့နေရာလေးမှာထိုင်ပြီး ခမြေမိုးပြန်သွားမယ့်အချိန်ကိုစောင့်ဆိုင်းနေမိသည်။
ဒါဟာ ဒုတိယလူတစ်ယောက်ရဲ့ဘဝပါပဲ...။
လစ်ဟာနေတဲ့နေရာလေးကိုတစ်ခဏတာဝင်ပြီးကွက်လပ်ဖြည့်ပေးရုံအပြင် အခြားဘာမှမတက်နိုင်တဲ့ ဘဝမျိုးတွေပေါ့...။
ထိုအတွေးနှင့်အတူ တဖြေးဖြေးလင်းလာတဲ့ကောင်းကင်ကြီးကို သူမော့ကြည့်ရင်း အချိန်ကိုဆက်လက်စောင့်ဆိုင်းခဲ့သည်။
သိပ်မကြာလိုက် ခမြေမိုးဆေးရုံထဲကနေထွက်လာသည်။
ဘယ်လောက်ပဲ ကြယ်လေးနဲ့ပက်သက်ပြီး မြေမိုးကိုသူစိတ်ပျက်နေပါစေ မြေမိုးက သူနဲ့လည်းခင်နေတဲ့သူမို့ မကောင်းတက်တဲ့စိတ်နဲ့ သူလှမ်းနှုတ်ဆက်ဖို့လုပ်လိုက်သည်။ သို့သော် သူ့ခြေလှမ်းတွေဟာ ခမြေမိုးရဲ့မထင်မှတ်ထားတဲ့အပြုအမူတွေကြောင့် ရုတ်ချည်းရပ်တန့်သွားခဲ့ရသည်။
ခမြေမိုးဟာ ကားပါကင်မှာရပ်ထားတဲ့ သူ့ကားကိုထုထောင်းကန်ကျောက်ကာ ဒေါသတွေထွက်နေသည်။ ပြီးတော့မျက်ရည်တွေလည်းကျနေပါသေးသည်။
ဒါကဘယ်လိုအခြေအနေမျိုးကြီးလဲ... ။
စိတ်က တစ်ချက်တည်းကြယ်လေးဆီရောက်သွားတာကြောင့် ကြယ်လေးကိုဖုန်းခေါ်ကြည့်လိုက်သည်။
" ကြယ်... မင်း...အခုနေကောင်းရဲ့လား..."
" အင်း... ကောင်းသွားပါပြီ... မင်းငါ့ဆီဘာလို့မလာသေးတာလဲဟင်... ငါ မင်းကိုသတိရနေတာ"
အသံဟာ ကြည်ကြည်လင်လင်ပါပင်...။
" အာ... လာမှာပေါ့... ငါအခုရေချိုးနေလို့ ခဏနေလာခဲ့မယ်နော်... "