Part- 9
" ခေါင်... မင်းရောက်လာပြီ... "
" အင်း... ငါလာပြီ..."
အခန်းတံခါးကိုဖွင့်ဝင်သွားလိုက်တာနဲ့ တွေ့မြင်လိုက်ရတဲ့ မျက်နှာလေးက သူ့ကိုကမ္ဘာသစ်တစ်ခုဆီခေါ်ဆောင်သွားသလိုပါပင်... အေးချမ်းမှု့တွေနဲ့အပြည့်နဲ့ နေပျော်ချင်စရာ ရပ်ဝန်းလေးတစ်ခုလို... လှပလွန်း လှသည်။
" လာလာ... မြန်မြန်..."
သူလာတာကိုတောင်မစောင့်နိုင်... သူ့အနားအပြေးအလွှားရောက်လာကာ လက်ဆွဲခေါ်သည့် ကြယ်...။ သူ့ကို ကုတင်ပေါ်မှာအတင်းထိုင်ခိုင်းကာ သူ့အရှေ့မှာမျက်နှာချင်းထိကပ်တော့မတက်တိုးကပ်ထိုင်ရင်း...အလိုမကျသည့်မျက်နှာပေးလေးဖြင့် ဆူပူပြောဆိုလာသည်။
" ငါမင်းကိုစောင့်နေတာကြာလှပြီ...အမှန်ဆို ညကတည်းက မင်းကိုဖုန်းခေါ်ချင်ခဲ့တာ ဖွားက မင်းလာမယ်ပြောထားတယ် မခေါ်တော့နဲ့ ဆိုလို့ ငါ့မှာမနည်းအောင့်အီးပြီးအိပ်လိုက်ရတယ်... ပြောစမ်းပါအုံး... မနက်စောစောလာမယ်ပြောပြီး ဘာအကြောင်းကြောင့်နောက်ကျနေရတာလဲ..."
" ငါ မနက်လာမယ်လို့မပြောမိပါဘူး... ဖွားကပဲ ငါ့ကိုမနက်မှလာခဲ့လို့ပြောတာပါ... "
" အယ်... အဲ့လိုကြီးလား... ငါက မင်းပြောတယ်လို့ပဲထင်သွားတာ... ဖွားကလည်း...ဘာလို့လိမ်ပြောရတာလဲမသိဘူး... "
ပုံမှန်ဆိုရင် ဒေါ်စောအိမ်စည်ရေးသမျှဇာတ်ညွှန်းတွေကို သူအလိုက်သင့်ကပေးနေကျပေမယ့် အခုချိန်မှာတော့ သူဘယ်လိုမှဆက်မကပေးနိုင်တော့ပါ...။ ကြယ်လေးနဲ့ပက်သက်ပြီးတက်နိုင်သမျှ အနီးဆုံးမှာပဲရှိချင်တော့သည်။
ဒါကြောင့် ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ် သူနဲ့ကြယ်လေးကိုသာလာမထိခိုက်ရင် ထုတ်ဖော်ပြောချပစ်ဖို့အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
အခုလည်းကြယ်လေးရဲ့ မယုံကြည်နိုင်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့မျက်နှာလေးကို သူပြုံးပြီး ကြည့်နေမိခဲ့သည်။
" မယုံနဲ့... အခုကစလို့ သူများပြောတဲ့စကားတွေကိုလွယ်လွယ်မယုံနဲ့... ကိုယ်လုပ်ချင်တာဘာလဲ...သေချာစဉ်းစားပြီး လုပ်သင့်တယ်ထင်ရင်လုပ်ချပစ်လိုက်... မှားသွားမှာလည်းမကြောက်နဲ့... ဒီတစ်လောကလုံးမှာ ဘယ်လူသားမှအမှားနဲ့မကင်းဘူး... နားလည်လား..."