Part- 6

1.5K 104 10
                                    

Part- 6




မိုးတွေသည်းနေတဲ့မြင်ကွင်းကို အေးစက်စက်အကြည့်တွေနဲ့ငေးကြည့်နေသည့်ကောင်လေးတစ်ယောက်... လက်ထဲမှာလည်း သူနဲ့မတည့်တဲ့ကော်ဖီတစ်ခွက်ကိုကိုင်ထားပြီး ဖြေးဖြေးချင်းမှုတ်သောက်နေခဲ့သည်။

အသက်ရဲ့ရှည်ခြင်းတိုခြင်း ဆိုတာ သူ့အတွက်တော့ အခုငေးကြည့်နေမိတဲ့ မိုးစက်တွေလောက်အရေးမပါသလိုပါပင်...။

ဒီနေ့ အဲ့ဒီလူ အိမ်ကိုလာမယ်တဲ့...။

ဖွားပြောပြတုန်းက သူရင်တောင်ခုန်သွားခဲ့ရတာ...
ဒါပေမယ့် သူဆုတောင်းနေမိပြန်တယ်... မလာပါနဲ့...ရောက်မလာပါစေနဲ့လို့လေ...။

ဘာအကြောင်းကြောင့်နဲ့ ရောက်လာရမှန်းမသိတဲ့ ဒီလူ့လောကကြီးထဲကနေ သူခပ်မြန်မြန်ပဲပြန်ထွက်သွားချင်ပြီ... ။ ဆေးတွေနဲ့ဆက်ထားရတဲ့ရှင်သန်မှု့ကို သူမလိုချင်တော့ဘူး...။

ဒါကြောင့်... ကျေးဇူးပြုပြီးရောက်မလာပါနဲ့လား ...။

" ဟာ ကော်ဖီကငါ့အတွက်လေ... ဘာလို့ယူသောက်နေတာလဲ ကြယ်ရယ်... ပေးပေး... "

အတွေးနဲ့အတူ ဒုတိယမြောက် ကော်ဖီတစ်ငုံစာကိုသောက်လိုက်မိချိန် ထွက်ပေါ်လာတဲ့ တားမြစ်သံလေး...။

ခေါင်ပါပဲ....။

လက်ထဲက ကော်ဖီခွက်လေးကိုချက်ချင်းပြန်လုယူလိုက်သည့် ခေါင့် ကို သူ အပြုံးတစ်ပွင့်ဖြင့်တုန့်ပြန်လိုက်မိသည်။

" ငါကြိုက်လို့ ယူသောက်ကြည့်တာပါ... တစ်ငုံနှစ်ငုံလောက်နဲ့တော့ ငါဘာမှဖြစ်မသွားနိုင်လောက်ပါဘူး...  "

" မဖြစ်လည်း ငါစိုးရိမ်တယ်ကွာ... ဘာဖြစ်လဲ..."

ပြောရင်း လက်ကျန်ကော်ဖီတွေကို အပူလောင်မှာမကြောက် ဘာမကြောက် တရှိန်ထိုးသောက်ချပစ်လိုက်သည့်ခေါင်... ။

" ငါမသေခင် မင်းအရင်သေသွားကြည့် မင်းအုတ်ဂူကိုငါလာတူးပြီး မင်းကောင်းကောင်းမွန်မွန် အိပ်လို့မရအောင်လုပ်ပစ်မှာ... အဲ့ဒါမှ သရဲဘဝနဲ့ငါ့ကိုလာတောင်းပန်နေရမယ်မှတ်... "

" ဟားဟားဟားဟား... မင်းကတော့ကွာ... "

ခေါင့်စကားကြောင့် သူသဘောကျစွာရယ်မောလိုက်မိသည်။

ကြင်သူသို့... ( Completed) Donde viven las historias. Descúbrelo ahora