ဇာတ်သိမ်းပိုင်း❤

2.4K 61 4
                                    

Part- 21 (ဇာတ်သိမ်း)



အားလုံးရဲ့သဘောထားတွေထပ်တူကျပြီး... အခြေအနေတွေတဖြေးဖြေးတည်ငြိမ်လာခဲ့ပြီးနောက်တွင်တော့ ကြယ်လေးရဲ့ဆန္ဒအရ မင်္ဂလာပွဲအသေးစားလေးတစ်ခုဖန်တီးပေးဖို့ သူတို့အားလုံးသဘောတူလက်ခံခဲ့ကြသည်။

မင်္ဂလာပွဲအသေးစားလို့သာဆိုသည် ကြယ်လေးလက်ထပ်ပွဲအတွက် နိုင်ငံခြားကပြန်လာတဲ့ အဖေဖြစ်သူ ဦးမိုးရိပ် က သူ့မိတ်ဆွေလုပ်ငန်းရှင်တွေအားလုံးကိုဖိတ်ကြားထားကာ သူတို့နဲ့ဆက်နွယ်နေတဲ့ တစ်ဆွေတစ်မျိုးလုံးကို မဖြစ်မနေတက်ရောက်ရမည်ဖြစ်ကြောင်း မင်္ဂလာဖိတ်စာတောင်ပေးပို့ထားပြီးပြီဖြစ်သည်။

သူ့တစ်ဦးတည်းသောသားလေးရဲ့ စိတ်ကူးတွေကိုဘယ်တော့မှမငြင်းဆန်ရက်ခဲ့တဲ့ ဦးမိုးရိပ်ဟာ အခုမင်္ဂလာပွဲကိုလည်းသူကိုယ်တိုင်ပဲ အသေးစိတ်စီစဉ်ပေးနေခဲ့ပါ၏။

ဒေါ်စောအိမ်စည်ကတော့ ဒီလိုကိစ္စတွေကိုဝင်မပါလိုတာကြောင့် ဘေးဖယ်နေခဲ့သည်။

ကြယ်လေးရဲ့အချစ်ဆုံးသူငယ်ချင်းအဖြစ်နဲ့ ကြယ်လေးအနားမှာဆက်ရှိနေခဲ့တဲ့ ခေါင်ကတော့ ကြယ်လေးဝတ်မယ့် သတို့သားဝတ်စုံလေးနဲ့ မင်္ဂလာလက်စွပ်အတွက် အချိန်တိုင်းအလုပ်တွေရှုပ်နေခဲ့သည်။

ခမြေမိုးကတော့ ကြယ်လေးနဲ့ သူ့ရဲ့မင်္ဂလာပွဲကိုတက်ရောက်ဖို့အတွက် သူ့ဘက်ကမဖြစ်မနေဖိတ်ကြားရမယ့် အထူးဧည့်သည်တော်တွေကို ဖိတ်ကြားရင်း သဘက်ခါနံနက်ခင်းမှာကျရောက်လာတော့မယ့် သူတို့ရဲ့မင်္ဂလာအချိန်အတွက်စိတ်လှုပ်ရှားနေခဲ့သည်။

မင်္ဂလာရက်မြတ် မကျရောက်ခင်ညနေ ၅နာရီလောက်မှာ မြေမိုး ကြယ်လေးကို ဟိုတယ်တစ်ခုဆီခေါ်လာခဲ့သည်။

" ဒီကိုဘာလို့လာတာလဲဟင် "

" ဦး ကလေးနဲ့ မိတ်ဆက်ပေးချင်တဲ့လူတွေရှိလို့ပါ... ဘာမှစိတ်မလှုပ်ရှားပဲ စိတ်အေးအေးထားပြီးလိုက်ခဲ့...ဟုတ်ပြီလား"

ပြောရင်းကြယ်လေးလက်ကိုသူဆုတ်ကိုင်ကာ ဓာတ်လှေကားထဲဝင်လိုက်သည်။ ပြီးနောက် ဟိုတယ်ရဲ့အမြင့်ဆုံးအထပ်ဖြစ်သည့် ၁၂ ထပ်မြောက်ကိုရောက်မှ သူတို့ဓာတ်လှေကားထဲကထွက်ကာ ၁၂ထပ်မှာရှိတဲ့တစ်ခန်းတည်းသော VVIP အခန်း ဆီကိုဦးတည်လျောက်လှမ်းလာလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 03, 2023 ⏰

Add this story to your Library to get notified about new parts!

ကြင်သူသို့... ( Completed) Where stories live. Discover now