Part- 14
" ဘာ...ဘာဖြစ်တာလဲ ခေါင်ရာ... မင်းစိတ်ကိုလျော့ပါအုံးကွာ... "
" စိတ်ကိုလျော့ ရမယ်ပေါ့... "
ပြောရင်း ခေါင်ငိုချင်လာသည်။
" ငါ့အတွက်မင်းက ဘယ်လိုဖြစ်တည်မှု့မျိုးလဲဆိုတာမသိလို့လား... ပြီးတော့ မင်းကိုယ်တိုင်လည်း ငါကမင်းအတွက်ဘယ်လိုလူလဲဆိုတာပြောခဲ့တယ်လေ... ဒါကို ဘာလို့မင်းလုပ်ချင်တဲ့အရာတွေကိုငါသိခွင့်မရတော့တာလဲ... ဟမ်း... ဘာလို့လဲ"
" ငါလုပ်မယ့်အရာတိုင်း မင်းကိုငါကအရင်ပြောပြရမှာလား... ငါချက်ချင်းလုပ်ချင်နေတဲ့အရာတွေကိုတောင် ငါကမင်းခွင့်ပြုချက်ရပြီးမှလုပ်ရမှာလား... ခေါင်... မင်းကအရင်ဖြေပေးစမ်းပါ..."
ကြယ်လေးအမေးကိုခေါင်ပြန်မဖြေနိုင်...။
ဒီအတိုင်းကြောင်ပြီးစိုက်ကြည့်နေမိခဲ့သည်။
အရင်ကဆိုရင် သူ့ကိုလေပြည်အေးလေးနဲ့ချော့မြူကာ အကျိုးအကြောင်းရှင်းပြတက်တဲ့ကြယ်လေးက အခုတော့... သူ့ကိုမလိုတော့သလိုစကားလုံးမျိုးတွေနဲ့တုန့်ပြန်တက်ခဲ့ပြီ...။
ဘာတွေမှားသွားတာလဲ...။ ဒီရက်ပိုင်းတွေထဲမှာသူအရာအားလုံးကိုမျက်စိထောင့်ထောက်ကြည့်နေပါရက်နဲ့ ဘယ်နေရာကများချို့ယွင်းသွားခဲ့ရတာလဲ...။ သူ့အပေါ်အခုလိုမေတ္တာတရားတွေပျက်ပြယ်သွားတဲ့အထိလေ...။
ခေါင် ခေါင်းငိုက်စိုက်ကျသွားသည်။ ပြီးတော့ ကျလုဆဲဆဲမျက်ရည်တွေကို မကျမိအောင်ထိန်းချုပ်ကာ အရင်တုန်းကလိုပဲ သူ့ဘက်ကအရင် အလျော့ပေးဖို့ဆုံးဖြတ်လိုက်သည်။
" ငါမှားသွားတယ်ကွာ... ငါစကားပြောတာအရမ်းလောသွားတယ်... တောင်းပန်ပါတယ်ကွာ... နော်... "
ပါးပြင်လေးကို လက်မလေးနဲ့ပွတ်ကာ ချော့မြူလိုက်တော့ ကြယ်လေးရဲ့နှုတ်ခမ်းလေးတွေ ပြန်ပြီးပြုံးယောင်သမ်းလာခဲ့သည်။
" ငါလည်း စိတ်ဆိုးတုန်းမို့ပြောမိတာပါကွာ... ဗွေမယူရဘူးနော်... ငါမင်းကိုဘယ်လောက်အထိချစ်လဲဆိုတာမင်းသိတယ်မှတ်လား... "
" အင်း... သိတာပေါ့... ဒါနဲ့ ဖုန်းလေးငါ့ကိုပြပါအုံး..."
" အာ... ကြွားရအုံးမှာပဲ... "