Part- 7
" ကျနော်မသိတဲ့လူတစ်ယောက်က ဘယ်လိုဖြစ်ပြီးကျနော့်အခန်းထဲကို ရောက်နေရတာလဲ... "
ရှက်ရွံ့ တုန်လှုပ်ခြင်း အလျင်းမရှိဘဲ မြေမိုးမျက်နှာကိုစေ့စေ့ကြည့်ကာ ပြောလာတဲ့စကား...
သူ့ရင်ဘက်က မွေးရာပါ အမှတ်ကြီးကိုအားမနာစတမ်းစိုက်ကြည့်နေတဲ့ သူ့အရှေ့ကထိုလူဟာ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ သူ့အတွက်သီးသန့်ဖြစ်တည်ပေးဖို့ကို ငြင်းဆန်ခဲ့တဲ့လူဆိုတာ ဘယ်သူမှမိတ်မဆက်ပေးလည်းသူသိနေသည်။
ဒီနေ့ဒီနေရာမှာ သူ့ကိုလာတွေ့ဖို့ ပြောထားတဲ့လူက ဒီလူတစ်ယောက်တည်းပဲရှိလို့ ဒီလိုသိနေတာမျိုးလည်းဖြစ်နိုင်သည်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ထူးခြားလွန်းတဲ့ခံစားချက်တစ်ခုက မကျန်းမာနေတဲ့ သူ့နှလုံးသားလေးရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာမှာကိန်းအောင်းနေခဲ့သည်။
သူ့အပေါ် ချေမိုးထားသမျှကိစ္စတွေအတွက် မုန်းပစ်လိုက်မယ်... ပစ်ပစ်ခါခါပြောပစ်လိုက်မယ်လို့တွေးထားသမျှ ပြောမထွက်ခဲ့ခြင်း... မပြောရက်ခဲ့ခြင်း....။
နဂိုရည်ရွယ်ထားတဲ့ စကားလုံးကြမ်းကြမ်းတွေအစား သူမသိဘဲအခန်းထဲရောက်နေသည့်အတွက်ကိုသာ အလိုမကျစွာပြောဖြစ်ခဲ့သည်။
အခုလည်း သူ့မျက်နှာကို မမှိတ်မသုံငေးကြည့်နေသည့် ထိုလူ့ကို သူဘာစကားမှမပြောနိုင်ဘဲ
မျက်လုံးချင်း ယှဉ်ကြည့်နေမိခဲ့သည်။" ဒါ...ဒါက ဒေါက်တာခမြေမိုးလေ သားရဲ့... သားရေချိုးနေမှန်းမသိလို့ ဖွား ဒေါက်တာ့ကိုခေါ်လာခဲ့မိတာပါကွယ်... ဖွားကိုခွင့်လွှတ်နော် သားလေး... ကဲ့ကဲ့... ဒေါက်တာ့ကိုအဲ့ဒီလိုစိမ်းစိမ်းကြီးကြည့်မနေပါနဲ့... အင်္ကျီလေးဘာလေးဝတ်ပြီးကောင်းကောင်းမွန်မွန်နှုတ်ဆက်စကားပြောမှပေါ့... အဟင်း... "
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းသလို ပြောလာသည့်မြေးဖြစ်သူ၏စကားလုံးတွေကြောင့် ဒေါ်စောအိမ်စည် မြေမိုးကို အားနာသွားရသည်။
ကြယ်လေးအတွက် အင်္ကျီနဲ့ဘောင်းဘီကိုလည်း ကိုယ်တိုင်ပဲပြေးထုတ်ပြီး ...