Part- 5

1.6K 93 10
                                    

Part- 5




" ဒါ... ဒါတကယ်ပဲလားမောင်ဟိန်း... နင်ငါ့ကိုလိမ်နေတာတော့မဟုတ်ပါဘူးနော်... "

မနက်မိုးလင်းအိပ်ယာနိုးတာနဲ့ဦးဦးဖျားဖျားကြားလိုက်ရတဲ့သတင်းစကားကြောင့် ဒေါ်စောအိမ်စည်တစ်ယောက် ပြောစရာစကားလုံးတွေပြောက်ရှသွားတဲ့အထိ အံ့သြတုန်လှုပ်သွားခဲ့ရသည်။

ခေါင်က ခမြေမိုးကို သူတို့ဆီလာအောင် လုပ်နိုင်ခဲ့ပြီတဲ့လေ...။

ဒါ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။

ဒီသတင်းက ဝမ်းသာစရာသတင်းဖြစ်ပေမယ့် သူ့စိတ်ထဲမှာ နည်းနည်းမှမယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ဘာလို့လဲဆိုတော့ ခေါင်က မရင့်ကျက်သေးတဲ့လူငယ်လေးတစ်ယောက်သာသာပဲမဟုတ်ပါလား...။

" တကယ်ပါ သခင်မကြီး... ဒီကိစ္စကို ခေါင်တစ်ယောက်တည်းက လုပ်နိုင်ခဲ့တာပါ... ဒေါက်တာ့ကိုဝင်တွေ့တာလည်း သူတစ်ယောက်တည်းပဲ... ကိစ္စအားလုံးကို သူတစ်ယောက်တည်းကပဲလုပ်သွားခဲ့တာ... ခြံတံခါးမဖွင့်မချင်း... အိမ်ရှေ့ကမြေကြီးပေါ်မှာထိုင်စောင့်နေတဲ့အထိပဲ သခင်မကြီးရယ်... ကျနော် ဒီကလေးကို မချီးကျူးဘဲ မနေနိုင်ဘူးဗျာ... "

မောင်ဟိန်းဆီက အတည်ပြုစကားကိုကြားလိုက်ရတာကြောင့် ဒေါ်စောအိမ်စည် အတိုင်းမသိပျော်ရွှင်သွားခဲ့ရသလို ခေါင်အိမ်ရှေ့မှာထိုင်စောင့်တယ်ဆိုတဲ့ စကားကြောင့်လည်း ရင်ထဲမကောင်းဖြစ်သွားရသည်။

" မင်းလည်းတစ်ညလုံးမနားရသေးဘူးမှတ်လား... နားလိုက်တော့လေ... "

" ဟုတ်ကဲ့ ဒါဆို ကျနော်သွားနားလိုက်ပါအုံးမယ် သခင်မကြီး... သြော်... ပြီးတော့ ခေါင်ကမှာလိုက်ပါသေးတယ်... ဒီကိစ္စကို သူလုပ်ပေးခဲ့တယ်ဆိုတာ ကြယ်လေးမသိပါစေနဲ့တဲ့... "

ဒေါ်စောအိမ်စည် သူ ခေါင်းသာညိတ်ပြလိုက်မိသည်။ မောင်ဟိန်းအခန်းအပြင်ကိုပြန်ထွက်သွားပြီးချိန်မှာတော့ သူ့ဦးနှောက်ထဲကို အစီအရီဝင်ရောက်လာတဲ့ သံသယအတွေးတွေ...။

ကြယ်လေးအပေါ် အနစ်နာခံ သီးခံတာထက်ပိုတဲ့ခေါင်...။
အရင်တုန်းက ဒီလောက်အထိသူသတိမထားမိခဲ့ပေမယ့် အခုကိစ္စအတွက် တောင်းဆိုခဲ့တဲ့အချိန်နဲ့ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့တဲ့ အတိုင်းအတာကိုကြည့်ပြီး သူသံသယဖြစ်လာရတာတော့အမှန်ပါပင်...။

ကြင်သူသို့... ( Completed) Where stories live. Discover now