Part- 19

1K 49 0
                                    

Part- 19



ဖန်ဆင်းရှင်ဟာ ခမြေမိုးရဲ့စောင့်စားနိုင်စွမ်းနဲ့ သစ္စာတရားကို အသိအမှတ်ပြုကောင်းချီးပေးခဲ့တယ်လို့ ဆိုရမလား... ခမြေမိုးအပေါ်လှည့်မကြည့်ချင်လောက်အောင် စိတ်နာသွားတဲ့ ဒေါ်စောအိမ်စည်ဟာ ခမြေမိုးနှင့်ကြယ်လေးတို့၂ယောက်အကြား ဘာတစ်ခွန်းမှဝင်မပြော... ဝင်မဖျက်တော့ဘဲ မသိသလို မမြင်သလိုနေပေးရင်း ကြယ်လေးရဲ့ပျော်ရွှင်နေတဲ့နှလုံးသားလေးကို အပြည့်အဝအသိအမှတ်ပြု လွတ်လပ်ခွင့်ပေးခဲ့သည်။

အခုဆိုရင် သူတို့အိမ်မှာ အိမ်သားတစ်ယောက်တိုးလာခဲ့ပြီဖြစ်သည်။

မြေမိုးနဲ့ကြယ်လေးက တစ်ခန်းတည်းအတူနေကြပေမယ့် ကုတင်၂လုံးထားပြီး တစ်ယောက်တစ်ကုတင်အိပ်ကြသည်။

မြေးဖြစ်သူနဲ့ အတူနေခွင့်ပေးထားပေမယ့် ဒေါ်စောအိမ်စည်ဟာ မြေးဖြစ်သူကို မြေမိုးတစ်ခုခုကျူးကျူးလွန်လွန်တွေလုပ်မှာစိုးလို့ အိမ်မှာရှိသမျှလူတိုင်းနဲ့ မြေမိုးရဲ့လှုပ်ရှားမှု့အခြေအနေတိုင်းကို အချိန်ပြည့် စောင့်ကြည့်ခိုင်းထားပါသေးသည်။

ဒါတွေကိုသိနေတဲ့မြေမိုးက ဒေါ်စောအိမ်စည်အပေါ်အပြစ်မမြင်တဲ့အပြင် မြေးကိုအချစ်လွန်ပြီး တုန်နေတဲ့အဖွားအဖြစ် သဘောတောင်ကျနေပါသေးသည်။

အခုလည်း သူတို့နေတဲ့အခန်းထဲအထိ cctvတစ်လုံးခိုးတပ်သွားသည့်မောင်ဟိန်းကြောင့် သူပါးစပ်မပိတ်နိုင်လောက်အောင် ရယ်မောနေမိသည်။

" ကြယ်ရောင်မိုးရင့်ရယ်... မင်းအဖွားကတော့ တကယ်ပါပဲကွာ... လူကိုမျက်စိထောင့်ထောက်ကြည့်နေရုံနဲ့ အားမရလို့ထင်တယ် အခန်းထဲအထိcctvလာခိုးတပ်သွားသေးတယ်... ဘယ်လိုလုပ်ရပါ့..."

" ဘယ်လိုလုပ်ရမှာလဲ... ကြည့်ရတာဖွားက ကျနော်တို့နမ်းတာမြင်ချင်လို့နေမှာပေါ့... "

မြေမိုးကိုပြောရင်း cctv ရှိရာဆီသို့လှမ်းကြည့်ကာ ပြောလိုက်သည်။

" ဟုတ်လားဖွား... အဲ့ဒီလို အဓိပ်ပါယျလား... ဒါဆို သေချာလေးမြင်ရအောင်ပြပေးရမှာပေါ့..."

ထိုစကားကိုဆိုလိုက်ပြီးတာနဲ့မြေမိုးလည်ပင်းကိုဖက်ကာ မြေမိုးနှုတ်ခမ်းအစုံကို သူကအရင်နမ်းစုပ်ပစ်လိုက်သည်။

ကြင်သူသို့... ( Completed) Where stories live. Discover now