Unicode
ရှောင်းကျန့် ကျွန်းလှေကားကြီးကနေ ဆင်းလာတော့ နံရံတိုင်းမှာ ပန်းချီကားချပ်ကြီးတွေ ရှိသည်။ တန်ဖိုးကြီးမယ့်ပုံ ရောင်းစားလိုက်ရရင်ဖြင့် အဟွင်းး ။ ေအာက်ဆုံးက ဓာတ်ပုံကို မြင်တော့ မျက်စချီမိသွားတယ် ။ မြို့စား၀မ် တဲ့ ။
"အမယ် ချောလှချည်လား ငါထက်တော့ မချောဘူး ဟွင်း"
မီးဖိုအခေါင်တိုင်နားလေးမှာ တရှိုက်ရှိုက်နဲ့ ငိုသံကြားလို့ ရှောင်းကျန့်လည်း အဲ့နား သွားပြေးကြည့်လိုက်တယ် ။ ကလေးဆိုရင် ရှောင်းကျန့်က ချစ်တတ်တယ် ။ (ဟုတ် စမီးလည်း ကလေး)
"ဝေ ဘယ်သူလဲ"
ပြန်ဖြေသံလည်း မကြား ။ အိတ်ကြီးက လှုပ်တုတ်တုတ်နဲ့ဆိုတော့ ရှောင်းကျန့်လည်း အနည်းငယ်လန့်မိသည် ။ ရှောင်းကျန့်လည်း အိတ်ကြီးကို ဖယ်လိုက်တော့ 4,5နှစ် အရွယ် ပေါက်စလေးထွက်လာသည် ။ နှာခေါင်းလေးကလည်း နီရဲလို့ ။ အေးလို့ ထင်တယ် ။ ရှောင်းကျန့်လည်း ကလေးကို နိုးလိုက်သည် ။
"ဟို ေပါက်စလေး ထထ"
"ဟင့်"
ပေါက်စလေးက မျက်လုံးပြူးသွားပြီး ဒူးထောက်သည်။
"ဦးဦး တောင်းပန်ပါတယ် သားသားနေမကောင်းလို့ အိပ်မိတာပါ အဟင့်"
"အမ် နေမကောင်းဘူးလား အဲ့ဒါဆို မလုပ်နဲ့လေ တောက်စ် ! ကလေးကို ဘယ်ကောင်တွေ ခိုင်းတာလဲမသိ"
"ဦးဦး ခိုင်းတာလေ"
"......"
"......"
"အမ် ငါခိုင်းတာလား ကျွတ် ! လာလာ ဦးအခန်းထဲ လာခဲ့"
ရှောင်းကျန့်လည်း ပေါက်စကို ချီပြီး သူအခန်းထဲ ခေါ်သွားလိုက်တယ် ။ ရှောင်းကျန့် ပေါက်စကို သူကုတင်ပေါ် တင်ပေးလိုက်တယ် ။
"ဟို သား ဘာစားချင်လဲ နာမည်လေးကရော"
"ဟင့် သားနာမည်က ရိရှောင်းလေ"
"အော် ရိရှောင်း ဘာစားချင်လဲ"
ရိရှောင်းကတော့ ရှေ့က မြို့စားကတော်ကို ကြောင်ကြည့်နေတယ် ။ မြို့စားကတော်က သူကို အသံမာမာနဲ့ မအော်တော့ဘူး ။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭