ep-21

1.8K 100 2
                                    

Unicode

5 month Later

" မြို့စားမင်းနေရာကို Yin'sကို ပေးထားရင်ရော "

" အခုမြို့စားဝမ်က အကျင့်တွေ ပျက်ပြားနေပါပြီ "

" ဟုတ်ပါတယ် မိန်းမတွေနဲ့ တော်တော်ပွေနေတယ်လို့ ကြားမိပါတယ် "

ဘုရင်ကြီးက သက်ပျင်းချကာ သူလူတွေပြောတဲ့အတိုင်း လက်ခံလိုက်လေသည် ။

" ခနတော့ ထပ်စောင့်ကြည့်ပေးကြပါအုံး "

ထောင့်တစ်နေရာက ကြည့်နေတဲ့ နှစ်ယောက်ကတော့

" ဟင်းးး မြို့စားဝမ်သတင်းတွေက တော်တော်နားဝင်ဆိုးတာပဲ "

" မင်းသတင်းဖွတာ မဆိုးဘူး "

" တကယ်ကြီး မြို့စားနေရာကို မလိုချင်တော့တာလား "

" ငါ သူကို လွမ်းနေပြီ ဖန်း "

" အမ် "

" သူသတင်းတွေ ငါမရတော့ဘူး "

" ဘယ်လို "

" တစ်ပတ်လောက်ရှိတော့မယ် "

" ဟင်းးး သနားစရာပဲ "

မြို့စားဝမ်ကို ကြည့်ရတာ မျက်နှာမကောင်းတာကြောင့် ဖန်းလည်း စိတ်အနှောင့်အယှက်မပေးတော့ပေ ။ မြို့စားဝမ်ပုံစံကလည်း အရင်ကနဲ့မတူတော့ပေ ။ သပ်သပ်ရပ်ရပ်နေတတ်တဲ့မြို့စားဝမ်က အခုဆို တစ်ခါတစ်လေ ဆံပင်တွေ ရှုပ်ပွနေတတ်ပြီး နက်ခ်တိုင်ဆိုလည်း လျော့တိလျော့ရဲ ဖြစ်တတ်နေသည် ။ အင်္ကျီမလဲတာတို့ ညစ်ပတ်နေတတ်သည် ။

" ပြန်ကြတာပေါ့ "

" ဟုတ်ကဲ့ဗျ "

///

" မြို့စားဝမ်က မဝင်ခိုင်းပါဘူးဗျ "

" ဟဲ့ ဖယ်စမ်းပါ "

လျှန်းက အိမ်တော်ထိန်းကို တွန်းထုတ်ကာ
ဝမ်ရိပေါ်အခန်းထဲကို ဝင်လာလိုက်သည် ။
မသန့်ရှင်းတာ ကြာနေတာကြောင့်
ဖုန်တွေလည်း တက်နေပြီး ဝိုင်အနံတွေအပြင်
ဆေးလိပ်အနံတွေပါ ထောင်းနေသည် ။

ဝမ်ရိပေါ်ကတော့ အပြင်ဘက်မှာ ပုံဆွဲနေသည် ။

" ရိပေါ် နင်ရူးနေတာလား "

" ထွက်သွား.. "

" ဟဲ့ နင်ပုံကိုလည်း ကြည့်အုံး လက်ထပ်တဲ့နေ့ကျ
ဒီပုံစံကြီးနဲ့ လက်ထပ်မလို့လား ဟမ် "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now