ep-12

2.1K 149 4
                                    

Unicode

ရိရှောင်းရဲ့ မွေးနေ့‌ေရာက်ဖို့က 3ရက်ပဲလို‌ေတာ့တာကြောင့် အိမ်‌ေတာ်တစ်ခုလုံးက အလုပ်ရှုပ်နေကြသည် ။

လက်တလောတွင် ရှောင်းကျန့်က ပြောင်းလဲလာတာကြောင့် ရှောင်းကျန့်နဲ့ရိရှောင်းဟာ အိမ်တော်ရဲ့ အချစ်ခံလေးများ ဖြစ်လာကြသည် ။ မြို့စား၀မ်ကလည်း အိမ်ကပ်လာတာကြောင့် အစေခံလေးတွေမက အိမ်တော်ထိန်းကြီးလည်း သဘောကျလျက် ဖြစ်နေကြသည် ။ ပြီးကျ အိမ်တော်ကြီးဟာ အရင်တုန်းကလို တိတ်ဆိတ်လျက်မရှိတော့ ။ တစ်ခါ‌တစ်လေဆို စကားသိပ်နည်းတဲ့မြို့စား၀မ်ရဲ့ ပေါက်ပေါက်ဖောက်ခြင်းကို ရှောင်းကျန့်က ရိရှောင်းအစား ခံရလေသည် ။

" ပန်းတွေလည်း ထားရင် ပိုလှမှာ "

" ကြည့်မကောင်းပါဘူး မိန်းကလေးမွေးနေ့ပွဲမှ မဟုတ်တာ "

" ဟမ့် "

" ရိရှောင်းရော "

" ပုံဆွဲနေတယ် "

နှစ်ယောက်လုံး နံရံက ပန်းချီကားချပ်က ပုံကို စိုက်ကြည့်ပြီး တိတ်ဆိတ်သွားကြသည် ။ ဒီပန်းချီကားခ်ပ်ကို ခါတိုင်း‌ေနရာမှာ မမြင်ဖူးတာကြောင့် ရှောင်းကျန့် မေးလိုက်သည် ။

" ဒီပန်းချီကားချပ်က မြို့စား၀မ်ဟာလား "

" ဟင်အင်း ကျုပ်ဟာမဟုတ်ဘူး ကြည့်ရတာ ဒေါ်လေးတို့ဟာလား မသိဘူး "

ဒေါ်လေးဆိုတဲ့အသံကြားတော့
ရှောင်းကျန့် နှာခေါင်းရှုံလိုက်တယ် ။

" ဟမ့် ဒေါ်လေးဆိုမှ မင်းအဒေါ်တွေက ငါကို
မျက္မုန်းကျိုးနေကြသလိုပဲနော် "

" အင်း "

" အင်း ဒါပဲလား "

" ........ "

" ဟား မြို့စား၀မ် ငါရယ်ချင်တယ်နော် "

အင်းလေ ဘယ်လောက်ပဲ ကိုယ်ကို မကြိုက်ဘူးပြောလည်း ကိုယ်အိမ်ထောင်ဖက်ကို ကာကွယ်ပေးသင့်တာပေါ့ ။

" ဒါနဲ့ မင်းမကွာပေးလည်း ငါက ရအောင်ကွာမှာ
ပေါင်းထုပ်တော့မယ်ဇာတ်လမ်းတွဲထဲမှာ
ငါမပါချင်ဘူး "

မြို့စား၀မ်က သူကို နားမလည်သလို့ ကြည့်လာသည် ။

" ပေါင်းထုပ်တော့မယ်ဇာတ်လမ်းတွဲ ?
ဘာသဘောလဲ "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now