Unicode
ရှောင်းကျန့်လည်း ရိရှောင်းလေးနဲ့အတူ ကုတင်ပေါ်တွင် ခြေကားယားလက်ကားယား အိပ်ပျော်သွားသည် ။ ညကျ ကားဟွန်းသံကြားတာကြောင့် ရှောင်းကျန့်လည်း တစ်ရေးနိုးလာသည်။ ပြတင်းပေါက်ထွက်ကြည့်တော့ လူအိုတစ်ယောက်က အိတ်ဝိုင်းဆွဲပေးနေသည် ။ ရှောင်းကျန့်လည်း မြို့စား၀မ်မှန်း တန်းသိတာကြောင့် အောက်ထပ် ဆင်းလာလိုက်သည် ။
“ဟောဟဲ မောတာ ကျွန်းလှေကားကြီးတွေကလည်း ရှည်လိုက်တာ”
ရှောင်းကျန့်လည်း ဧည့်ခန်းနားရောက်တော့ လူတစ်ယောက်က ထိုင်နေပြီး ရိရှောင်းလေးကို ပေါင်ပေါ် တင်ထားသည် ။ အယ့်လယ့် သေချာကြည့်ရင် ဟိုပန်းချီကားချပ်ထဲက မြို့စား၀မ် ဆိုတဲ့သူပဲ ။ ရှောင်းကျန့်လည်း စကားပြောရန် ကြံလိုက်သည် ။
“မောင် ! အု”
ရှောင်းကျန့်လည်း သူပါးစပ် လက်နဲ့ ပြန်ပိတ်လိုက်တယ် ။ ရုတ်တရက် သူနှုတ်ကနေ မောင် လို့ ထွက်သွားရလား ! ။ ရှေ့က လူက တစ်ချက်ကြည့်ပြီး ရိရှောင်းကို ကွတ်ကီးတွေ ပြန်ကျွေးနေသည်။ ခနနေကျ အသံအေးအေးနဲ့
“ရှောင်းကျန့် ရိရှောင်းကို ထပ်ပြီး အလုပ်တွေ ခိုင်းပြန်တာလား”
“အမ်..ကျွန်တော်က ..”
“မြို့စားကတော်က သားကိုခိုင်းပါဝူး”
ရိရှောင်းက အဲ့လူပေါင်ပေါ်ကနေ ဆင်းပြီး ရှောင်းကျန့်နားကို သွားတယ် ။ ရှောင်းကျန့်လည်း အလိုက်သင့် ချီလိုက်တယ် ။
“အင်း”
အဲ့လူက အပေါ်ထပ်ကို တက္မယ်လုပ်တော့ ရှောင်းကျန့်လည်း ရိရှောင်းကို ချပြီး သူနောက် လိုက်သွားလိုက်တယ် ။
“ဟို...ခန !!”
အဲ့လူက မျက်မှောင်ကုတ်ကြည့်ပြီး
“ဟိုလေ..အမ်... goodnightပါ..ဟီး”
အဲ့လူက ခေါင်းခါပြီး ရှောင်းကျန့်ရဲ့ဆန့်ကျင့်ဘက် မျက်နှာချင်းဆိုင် အခန်းထဲ ၀င်သွားတယ် ။ ရှောင်းကျန့်လည်း အချေခံလိုက်ရသလို့ ခံစားလိုက်ရတယ် ။
“အမယ် သူက ချေရတယ်ရှိသေး အံဩပ့ ဟွန့်”
ရှောင်းကျန့်လည်း အောက်ထပ်ပြန်ဆင်းပြေးရပြီး ရိရှောင်းလေးကို သွားခေါ်ရပြန်သည် ။ အောက်ထပ်ရောက်တော့ ရိရှောင်းက ထုံးစံအတိုင်း မီးလင်းဖိုဘေးနားမှာ အိပ်ဖို့ပြင်နေသည် ။ ရှောင်းကျန့်တောင် သနားသွားရသည် ။ အရင်ရှောင်းကျန့်ကိုလည်း ကျိန်ဆဲလိုက်သည်။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭