ep-5

3.2K 187 12
                                    

Unicode

တော်၀င်မင်းသမီး ရောက်လာမှာမို့လို့ထင်သည် ။ မြို့စား၀မ်က အစောကြီး ပြန်ရောက်နေသည်။ ဟင်းတွေကလည်း အနံထောင်းနေသည် ။ ရှောင်းကျန့်မှာ မြင်သာမြင်ရပြီး မကြင်ရတဲ့ ဘ၀လို့ ဖြစ်နေသည် ။
အခုတော့ ဧည့်ခန်းထဲမှာ မြို့စား၀မ်ရော အိမ်တော်ထိန်းရော အကုန်ထိုင်စောင့်နေရသည် ။
ခနနေကျ အစောင့်တစ်ယောက်က ၀င်လာပြီး သတင်းပေးသည် ။ တော်၀င်မင်းသမီးရောက်လာပါပြီတဲ့ ။ မြင်းလှည်းထဲက ချစ်စရာကောင်မလေး ထွက်လာသည် ။ မြို့စား၀မ်က သွားကြိုရသည် ။ ဒီနိုင်ငံရဲ့ ဓလေ့အရတော့ တစ်ဖက်က မိန်းကလေးဖြစ်ရင် လက်ကိုနမ်းပြီး နှုတ်ဆက်ရတာမို့ မြို့စား၀မ်က လက်ကို ယူပြီး နမ်းရသည် ။ ရှောင်းကျန့် ရင်ထဲတော့ အောင့်သွားသည်။

"မင်းသမီးကို ကြိုဆိုပါတယ်"

မြို့‌ေ‌တာ်၀န်၀မ်က ပြုံးပြီး မင်းသမီးကို ပြောသည် ။ မင်းသမီးကလည်း ပြုံးပြီး ခေါင်းပြန်ငြိမ့်ပြသည် ။ မင်းသမီးက ဒီလောက်ချစ်ဖို့ကောင်းတာကို မြို့စား၀မ်က သူမကို ဘာလို့မကြိုက်ရတာပါလိမ့်ဆိုပြီး ရှောင်းကျန့် တွေးနေမိသည် ။ အကုန်အထဲ၀င်သွားတာမို့ ရှောင်းကျန့်လည်း ပြန်လိုက်၀င်သွားရပြန်သည် ။ မင်းသမီးက တရုတ်ကပြားဆို‌ေ‌တာ့ နိုင်ငံခြားသူတွေလို့ ရွှေအိုရောင်ဆံပင်လေးတွေနဲ့ ။ ကိုယ်ရံ‌ေတာ်‌ေတွကအစ ရှောင်းကျန့်တို့ကျ ဆံပင်အမဲတွေနဲ့ မတရားဘူး ။

"‌ေ‌နကောင်းရဲ့လား မြို့စားကတော်"

တော်၀င်မင်းသမီးက ရှောင်းကျန့်ကို မေးလာတာမို့ ရှောင်းကျန့်လည်း ယောင်ပြီး ခေါင်းငြိမ့်ပြလိုက်မိသည် ။ ‌

"အာ ကျွန်မက ရေထဲကျသွားတယ်လို့ ကြားမိတာ"

ဘေးက အစေခံမ‌လေးတွေက ရယ်လာကြသည် ။ ရှောင်းကျန့်လည်း ရယ်သာပြလိုက်သည်။

"မိဖုရားက ရှင်နဲ့တွေ့ချင်တယ်ပဲ ပြောနေတာ အဲ့ဒါ မနက်ဖြန်ကျရင် နန်းတော်တဲ့ လာပေးပါလားဟင်"

အားလုံးရဲ့အကြည့်တွေက ရှောင်းကျန့်ဆီ‌ ရောက်လာကြသည် ။ ငြင်းရင် တစ်ခုခုလုပ်ပြစ်မယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်လာကြသည် ။ ရှောင်းကျန့်တောင် ကျောချမ်းသွားရသည် ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now