ep-11

2.2K 149 3
                                    

Unicode

" နှစ်ဖက်လုံးမြှောက်ထား ချရင်အသေပဲ "

" မြို့စား၀မ်ကလည်း ရိရှောင်း ! မင်းအဖေကိုလည်း ပြောအုံး "

" ဟွန့် ‌ေဖဖေက သားကိုရိုက်မှာပေါ့ "

" ......... "

" ဘယ်သူက ခင်ဗျားတို့ကို အဲ့ခြံထဲက ပန်းတွေ ခူးခိုင်းလို့လဲ "

ရှောင်းကျန့် ရိရှောင်းဘက်လှည့်ကြည့်တော့ ရိရှောင်းက မျက်လုံးကြီးပြူးပြီး ခေါင်းခါပြသည်။

" အဟမ်း ခြံထဲမှာ ဘာစာမှလည်း ရေးမထားဘူးလေ ဟို မ၀င်ရ မခူးရ တို့လည်း ကပ်မထားဘူးလေ အဲ့တော့ "

ဘယ်သူထင်မှာလဲ မြို့စား၀မ်က ပန်းခင်းကြီး စိုက်ထားတယ်ဆိုတာ ။ ဖြစ်ပုံပြဿနာက ရှောင်းကျန့်နဲ့ရိရှောင်းက မြို့စား၀မ် စိုက်ထားတဲ့ခြံထဲက ပန်းတွေ ခူးပြီး အစေခံမလေးတွေ လိုက်ပေးတာ ။ မြို့စား၀မ်သိသွားတော့ သူတို့ကို ဒေါသတကြီးနဲ့ အပြစ်‌ေပးပါလေရော ။

" နောက်တစ်ခါမလုပ်ရင် ပြီးတာပဲကို မသိရင် ပန်းက နှစ်တစ်ထောင်နေမှ ပွင့်တဲ့ပန်းကျနေတာပဲ "

" ဟုတ်ထယ် မြို့ချားကတော် ပြောထာ မှန်ထယ် "

မြို့စား၀မ် ဒီနှစ်‌ေယာက်ကို ခေါင်းသာခါလိုက်သည် ။ အရင်တုန်းကဆိုရင်
ရှောင်းကျန့် ပန်းတွေ ခိုးသွားတုန်းကဆိုရင် သူတို့နှစ်ယောက် ကွာဖို့အထိတောင် ဖြစ်‌ဖူးသည် ။ ဒါပေမယ့် ရှောင်းကျန့်ဘက်က အဲ့ခြံထဲကို ထပ်မ၀င်‌ေတာ့ရန် အလျှော့ပေးသွားတာကြောင့် အဲ့ကိစ္စက ပြေပြေလည်လည် ဖြစ်သွားသည်။

" အား မရတော့ဘူး လက်ညောင်းတယ် ရိရှောင်း မုန့်သွားစားမယ် "

" အွန်း "

" အပြင်ဘက်ကို တစ်လှမ်း လှမ်းလိုက်တာနဲ့ ရိရှောင်း မင်းမွေးနေ့ကို လုပ်မပေးဘူးနော် "

ရိရှောင်းက ခနတာ မျက်နှာညိုးသွားပေးမယ့် လက်ပြန်ပိုက်ကာ

" ဟွင့် ဖေဖေအကျင့်ပုတ် လျို့ဝှက်ချက် တစ်ခု မပြောပြဘူး "

မြို့စား၀မ်က မျက်ခုံးတစ်ချက်ပင့်ကာ

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now