“ပျင်းတယ်”
ကုတင်ကြီးပေါ်မှာ လူးလိမ့်နေတာဆိုလို့ ရှောင်းကျန့်ရယ်ပါ။ သူဒီရောက်တာ 3ရက်ကျော်နေပြီမို့ သူအိပ်မက် မက်နေတာလည်း မဖြစ်နိုင်တော့ ။ ဖုန်းတွေ အင်တာနက်တွေ မရှိတော့ သူပျင်းသည်။ မြို့စား၀မ်ဆိုတဲ့လူကလည်း နန်းတော်ထဲပဲ သွားနေတော့ အိမ်တော်ကြီးထဲမှာ ရှောင်းကျန့်တစ်ယောက်ထဲသာ ။
“အာ ရိရှောင်း ရှိတာပဲ ”
ရှောင်းကျန့်လည်း ရိရှောင်းဆီ သွားလိုက်တယ် ။ သွားနေရင်း အစေခံမလေးတွေကလည်း မကြည်သလို့ ကြည့်သွားသေးတာ ။ အင်းလေ အရင်ရှောင်းကျန့်က အစေခံတွေကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တာ ။
“ဟူး အိမ်တော်က ကြီးတော့ သွားရတာ မောလိုက်တာ ”
ရှောင်းကျန့်လည်း ပန်းခြံတစ်ခုနား ရောက်သွားတယ် ။ အဲ့နားမှာ ရိရှောင်းလေးက စာရွက်တစ်ရွက်နဲ့ ခံတံတစ်ခုကိုင်ကာ ခြစ်နေတယ် ။ ရှောင်းကျန့်ကို မြင်တော့ စာရွက်ကို ခေါက်သိမ်းလိုက်ပြီး အိပ်ကပ်ထဲ ထိုးထည့်လိုက်တယ် ။ မြို့စားကတော်က သူစာရေးတာကို သဘောမကျဖူးလေ ။
“ရိရှောင်း စာရေးနေတာလား”
ရိရှောင်းက ခေါင်းခါပြတယ်
“အမ် ခုနက စာရေးနေတာ မဟုတ်ဘူးလား”
“ရေးဝူး”
ခုနက သေချာပေါက်ရေးနေတာကို ရှောင်းကျန့် မြင်လိုက်တာပါ ။ ရှောင်းကျန့်က မယုံသလို့ ကြည့်ပြီး
“ခုနက သိမ်းလိုက်တဲ့စာရွက် ဦးဦးကိုပြ ”
ရိရှောင်းက မျက်နှာညိုးသွားပြီး အိပ်ကပ်လေးထဲက ထုတ်ပြီး ရှောင်းကျန့်ကို ပေးသည် ။ ရှောင်းကျန့် ကြည့်လိုက်တော့ လျှောက်ခြစ်ထားးတဲ့ စာလုံးတွေသာ ။ ဟုတ်သားပဲ ဒိုင်ယာရီထဲမှာ ရေးထားတာပဲ *ရိရှောင်းလေးကို စာသင်ခွင့်မပေး* ဆိုပြီး ရေးထားတာ ။ ရိရှောင်း စာရေးတာ မြင်ရင် ရှောင်းကျန့်က ရိုက်လေ ရှိသည် ။ ရှောင်းကျန့်လည်း သနားသွားရသည်။
“လာ ဦးဦး စာသင်ပေးမယ်”
ရိရှောင်းက မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာသည် ။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fan fikcia𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭