Unicode
" ပေလိုမကြီး "
" နင် ! မိုက်ရိုင်းလိုက်တာ "
" ဟွန့် ပေလိုမကြီးက မြို့စားကတော်အခန်းထဲကို ဘာလို့ခိုး၀င်တာလဲ "
" ဘယ်မှာခိုး၀င်လို့လဲ ငါပေါ်တင်ကြီး ၀င်တာပါ "
" ဟွန့် ဖေဖေတို့ပြန်လာရင် တိုင်ပြောမယ် သူခိုးမကြီးလို့ "
" ဟဲ့ ! "
လျှန်း ဒီကလေးကို ရိုက်ချင်ပေမယ့် ၀မ်ရိပေါ်ရဲ့ကလေးမို့သာ ငြိမ်နေရသည် ။
" နင်ကို မနက်ဖြန် မုန့်ကျွေးမယ် ငါဒီအခန်းထဲ၀င်တာ ဘယ်သူကိုမှ မပြောနဲ့ "
ရိရှောင်းက စဉ်စားသလို့ လုပ်ပြီး ခနအကြာကျ ခေါင်းငြိမ့်ပြသည် ။ အဲ့ကျမှ သူမလည်း သက်ပျင်းချပြီး အခန်းထဲက ထွက်သွားသည်။
" ဟွင့် မနက်ဖြန်ကျမှဆိုတော့ ကတိက မနက်ဖြန်မှ အကျုံ၀င်မှာပေါ့ ငတုံးမကြီး "
///
" နောက်ဆုံးမှာ မင်းသမီးက သေသွားတာကြီးကို "
" မငိုရဘူးလား "
" အဆုံးသတ်ကြီး သိနေမှတော့ ငိုရအုံးမှာလား "
" ..... "
၀မ်ရိပေါ် စဉ်စားလိုက်သည် ။ သူဖတ်ဖူးတဲ့ တရုတ်၀တ္ထုတစ်ခုထဲမှာဆိုရင် ဇာတ်လိုက်က ဇာတ်လိုက္မင်းသမီးကို ပြဇာတ်ရုံတစ်ခုလိုက်ပို့တယ် ။ ဇာတ်လမ်းက အရမ်းငိုရတာကြောင့် ဇာတ်လိုက္မက ဆက်မကြည့်ရဲပဲ မင်းသားရင်ခွင်ထဲမှာ ငိုမယ်လေ ။ အဲ့နေရာမှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ပိုမိုရင်းနှီးပြီး အဆင့်တက်သွားကြတာမလား ။
၀မ်ရိပေါ် သူဘေးနားက ကောင်လေးကို တစ်ခုခုစေခိုင်းလိုက်သည် ။ ကောင်လေးကလည်း ခေါင်းငြိမ့်ကာ မျက်နှာပူပူနဲ့ ထွက်သွားသည် ။ ရှောင်းကျန့်ကတော့ အိပ်ငိုက်ချင်နေပြီဖြစ်သည် ။ ခနအကြာကျ ဇာတ်လမ်းက ပြောင်းသွားတာမို့ ရှောင်းကျန့်လည်း အာရုံစိုက်ကာ ဆက်ကြည့်လိုက်သည် ။
" Oh Darling I have to go "
" No, My love ! I can't lose you anymore "
" Darling ! "
ထိုနောက် kiss အခန်းတွေပါ ပါလာတာကြောင့် ရှောင်းကျန့်မှာ မျက်နှာဘယ်ကြည့်ရမှန်းမသိ ။ လူပျိုလေးပဲလေ ရှက်တာပေါ့ ။မြို့စား၀မ်ဘက် လှည့်ကြည့်တော့ ရုပ်တည်ကြီးနဲ့ သူကို ကြည့်နေသည် ။ တော်သေးတာက သူတို့ကြားထဲမှာ ခုံတစ်ခုံခြားနေလို့သာပဲ မဟုတ်ရင် အကြည့်တွေနဲ့ ဝါးမျိုမလားမသိ ။
YOU ARE READING
ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )
Fanfiction𝐋𝐨𝐯𝐞 𝐈𝐬 𝐎𝐩𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐮𝐭 𝐒𝐞𝐥𝐟 𝐋𝐨𝐯𝐞 𝐈𝐬 𝐍𝐞𝐜𝐬𝐬𝐢𝐭𝐲 𝐓𝐡𝐢𝐬 𝐈𝐬 𝐘𝐢𝐙𝐡𝐚𝐧 𝐅𝐢𝐜𝐭𝐢𝐨𝐧 𝐒𝐨 𝐔 𝐫𝐞𝐚𝐝 𝐈𝐭