ep-6

2.7K 204 9
                                    

UNICODE

" ဒီ ကြက်သွန်တွေက ဘာလုပ်တာလဲ "

" ဗန်ပိုင်းယားတွေ ရန်က ကာကွယ်ဖို့ဟေ့ "

လှည်းနောက်ခန်းကနေ မေးခွန်းတွေ တရစပ်မေးနေတဲ့ မြို့စားကတော်ရှောင်းကျန့်ကြောင့် စိတ်မရှည်ကြတော့ ။ ကြက်သွန်ပါဆို ချက်စားဖို့ပေါ့ ။

" ကျွန်တော်က စတာပါ မမေးတော့ဘူး ဟီး "

သိပ်မကြာသေးခင်မှာပဲ နန်းတော်ကို ရောက်သွားတယ် ။ ငယ်ငယ်က ကြည့်ဖူးတဲ့ Disneyကားတွေထဲကလို့ နန်းတော်ကြီးအတိုင်းပဲ ။ ဒါပေမယ့် အစောင့်တွေက ပိုများနေသလို့ ။ နန်းတော်တံခါး၀နားကနေ ‌အစေခံနဲ့တူတဲ့ ကောင်‌မလေးက ရှောင်းကျန့်ဆီလာပြီ ကြိုသည် ။

" မြို့စားကတော် ကြွပါ "

" ဟုတ် "

မျက်နှာတွေက အကုန်တည်ထားတာကြောင့် ရှောင်းကျန့်မှာ လိုက်လာမိတာ မှားပြီများလားလို့တောင် တွေးရသည် ။

အိုဟောင်းနေတဲ့ ပန်းခြံဘက်ကို ခေါ်သွားတာကြောင့် ‌ရှောင်းကျန့်မှာ မျက်ခုံးတလှုပ်လှုပ် ။
ရေပန်းနေရာကျ ကောင်‌မလေးက ရပ်သွားတာကြောင့် ရှောင်းကျန့်လည်း ရပ်လိုက်ရသည် ။

" သခင်မကြီး လာပါလိမ့်မယ် ဒီကနေ စောင့်ပေးပါ "

"အော် အင်း "

လာရကြိုးနပ်သွားအောင် ဟိုကြည့်ဟိုသွား စပ်စုလိုက်တယ် ။ မက္မွန်ပန်းပင် တွေ့တာကြောင့် ထိကြည့်မယ်အလုပ် လူတစ်ယောက်က တားလာသည် ။

" ဘယ်သူက မင်းကို အဲ့ဒါထိခိုင်းလို့လဲ ! "

" ဟာ လန့်လိုက်တာကွာ "

ဒီဘက်ကဟာတွေက အသံကျယ်ကြီးနဲ့ အော်ရတာ ကြိုက်ကြတာလားမသိ ။

" မင်းဘယ်သူလဲ ဘာလို့ငါအမေရဲ့ပန်းခြံထဲ ရောက်နေတာလဲ "

မျက်ခုံးမွှေးအညိုရောင် ထူထူတန်းတန်းနဲ့
ရုပ်တည်ကောင်က သူကို မသင်္ကာသလို့ ကြည့်နေတာကြောင့် ရှင်းပြမယ်အလုပ်

" မေမေ ခေါ်ထားတာ ကိုကို "

မင်းသမီးက မေမေဆိုတဲ့သူနဲ့ လက်ချင်းချိတ်ကာ သူတို့နား လျှောက်လာသည် ။ မေမေကြီး ဆိုတဲ့သူက ရုပ်တည်ကောင်ကို ငေါက်သည် ။ ရှောင်းကျန့်ကတော့ မျက်စိကလယ်ကလယ်နဲ့

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now