ep-19

1.7K 100 9
                                    

Unicode

" ဘာ ကိုယ်ဝန် "

" ဟုတ်တယ် ငါနဲ့ရိပေါ်ရဲ့ ကလေးပဲ "

ရှောင်းကျန့် အံ့ဩနေမိသည် ။ ဒါက ဇာတ်ကားတွေထဲကလို့ ‌မင်းသားနဲ့မင်းသမီး ပေါင်းဖက်‌တော့မယ်အချိန်မှာ တစ်ယောက်ယောက်က ဝင်နှောင့်ယှက်တာမျိုးပေါ့။

" ဝမ်ရိပေါ် နောက်နေတာလား "

" ကျ...ကျုပ်က နောက်နေတဲ့ပုံ ပေါ်လား "

" မဟုတ်သေးဘူး "

လျှန်းက ရှောင်းကျန့်ကို မျက်နှာမဲ့ကာ

" ဟဲ့ ငါအထုတ်လေးတွေကို အခန်းထဲ ပြန်သွားထည့်ပေးကြ "

" မြို့စားဝမ် ဒါက.... "

အိမ်တော်ထိန်းက မြို့စားဝမ်ကို လှမ်းကြည့်တော့
မြို့စားဝမ်က ခေါင်းငြိမ့်ပြသည် ။ အိမ်တော်ထိန်းကြီးလည်း သက်ပျင်းချပြီး အစေခံမလေးတွေကို လှမ်းခေါ်လိုက်သည် ။

" ငါလည်း နားတော့မယ်နော် ရိပေါ် "

" အင်း "

လျှန်း ထွက်သွားမှ ရှောင်းကျန့်က ဝမ်ရိပေါ်
ဘေးနားသွားကာ

" နောက်နေတာမလား "

" မနောက်ပါဘူး "

" ဟ မဟုတ်သေးဘူး အခုမင်းက ငါကိုရှင်းပြရမယ်မဟုတ်ဘူးလား "

" ရှင်းပြစရာအကြောင်းမှမရှိတာ "

" ........ "

" မင်းနဲ့တကယ်ကြီး ရတာပေါ့လေ "

ဝမ်ရိပေါ်က ဘယ်လိုထင်လဲပုံစံနဲ့ သူကို ကြည့်သည်။ ရှောင်းကျန့်စိတ်တွေက ညိုးကျသွားသည် ။

" ဝေါင်း ဘရာဗို ဝမ်ရိပေါ် မင်းက ငါထက် လက်ဦးသွားတာပဲနော် "

" ........ "

" မင်းနဲ့ကွာရှင်းခဲ့ရင် ကလေးတစ်ယောက်ယူပြီး မင်းနဲ့ညီအစ်ကိုပြန်ဖွဲ့မယ်တောင် တွေးခဲ့တာ "

" ....... "

" အခု ဘာဆက်လုပ်မှာလဲ "

" ကွာရှင်းကြတာပေါ့ "

‌အရင်က ရှောင်းကျန့် ဒီစကား ကြားခဲ့ချင်တာဆိုပေမယ့် အခုချိန်မှာတော့မဟုတ်ပေ ။ ဝမ်ရိပေါ်ရဲ့မဟုတ်ပါဘူး ဆိုတဲ့စကားနောက်က ရှင်းပြခွင့်စကားကို ကြားချင်တာပေ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now