ep-13

2.1K 129 3
                                    

Unicode

" ရိရှောင်း ! ငြိမ်ငြိမ်နေလေ "

" သားက 5နှစ်ပြည့်ပြီ "

"အေး သိတယ် ဒါပဲ တစ်ချိန်လုံး ပြောနေတယ် "

" သားကို မွေးနေ့‌လက်ဆောင် ညီလေးမွေးပေး "

ရှောင်းကျန့် လေပူတွေ မှုတ်ထုတ်ကာ

" ဦး‌ေ‌လးက ယောင်္ကျားလေးလေ မွေးမရဘူး "

" သားဖတ်တဲ့၀တ္ထုထဲမှာ မွေးရတယ် "

" အဲ့ဒါက ဝတ္ထုလေ ဒါက လက်တွေ့လောကလေ "

" အီး ဟီး သားက ညီလေးပဲ လိုချင်တာ "

ငိုယိုပြီး ထွက်သွားတာကြောင့် ရှောင်းကျန့်မှာ စိတ်မသက်မသာပဲ ကျန်နေခဲ့ရသည် ။

" မြို့စားကတော် ကျွန်မတို့ကို ကူညီပါအုံး "

အစေခံမလေးက ဝုန်းရုန်းသုန်းကား ပြေးလာ‌သည် ။

" ဘာဖြစ်လို့လဲ "

" မမလေးလျှန်းလေ ဖျော်ရည်တွေကို သူကိုယ်တိုင်ပဲ ပြင်ဆင်မယ်ပြောနေတာ "

" ဘယ်လို "

" သူကိုယ်တိုင်ပြင်ဆင်တာက ပြဿနာမရှိပေမယ့် ဖျော်ရည်အစား သူက ဝိုင်တွေ ထားချင်နေတာ "

ရိရှောင်းရဲ့မွေးနေ့မို့ ရှောင်းကျန့်က သူကိုယ်တိုင် ဖျော်စပ်ထားတဲ့ ဇီးဖျော်ရည်ပဲ တိုက်ဖို့ ပြင်ဆင်ထားသည် ။ ကလေး မွေးနေ့ပွဲမို့ ရုတ်ရုတ်သဲသဲ ပြဿနာတွေ မဖြစ်အောင်ပင် ။

" သူမက ဘယ်မှာလဲ "

" ဝိုင်သိုလှောင်ရုံထဲမှာ "

ရှောင်းကျန့်လည်း ဝိုင်သိုလှောင်ရုံထဲလိုက်သွားလိုက်သည် ။ တစ်ချို့အလုပ်သမားတွေကလည်း ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိတာကြောင့် မတ်တပ်ရပ်ကြည့်နေကြသည် ။ လျှန်းကတော့
ရှောင်းကျန့်လာတာတောင် သတိမထားမိသေး ။

" ဟဲ့ ဟိုနားကပုံးထဲကို ဒါလေးထည့် "

" လျှန်း အဲ့ဒါ ကျွန်တော်ဖျော်စပ်ထားတဲ့ဟာတွေလေ "

" အိုး ရှောင်းကျန့် ဆောရီးပါ ပွဲက ဖျော်ရည်အစား ဝိုင်ပဲ သင့်တော်တယ်ထင်လို့ "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now