ep-24

2.2K 106 2
                                    

Unicode

" ရော့ ဆန်ပြုတ်ပဲသောက် "

ဝမ်ရိပေါ်က ဆန်ပြုတ်ကို ယူကာ ငြိမ်ငြိမ်လေးပဲ တစ်ဇွန်းခ်င်းဆီ သောက်နေသည်။

" အခန်းက မရှိတော့ဘူး ညကျ မင်းဒီမှာ အိပ်လို့ရတယ်မလား ငါနဲ့တော့လာအိပ်ဖို့မကြိုးစားနဲ့နော်
မရဘူး....! "

" ဟုတ် "

ဝါးလုံးထိုင်ခုံရှည်လေးရယ် စားပွဲရယ်
စာအုပ်တွေရယ် ပန်းအိုးလေးတွေရယ်
အရှေ့အခန်းက ဒါလောက်ပဲရှိသည် ။
စုစုပေါင်း နှစ်ခန်းသာ ရှိသည် ။
ရှောင်းကျန့်အခန်းနဲ့ဧည့်ခန်းရယ်ပေါ့ ။

" ရိရှောင်းရော သူနေကောင်းလား ဘယ်လိုနေလဲ ငါကိုရော သတိရသေးလား "

" သူကို မင်းသမီးတို့က မွေးစားလိုက်ပြီ "

" ဘာ....!! မင်းကလည်း လက်ခံလိုက်တာလား "

" ကျတော်..... အင်းး "

" ရူးသွားတာလား မင်းရဲ့သားကို သူများကို အလွယ်တကူပေးလိုက်နိုင်တာလား "

" ကျတော်ရဲ့သားအရင်းမဟုတ်..... "

" မင်းရဲ့သားအရင်းမဟုတ်လည်း ဘာလို့ပေးလိုက်တာလဲ.... ဟမ် ...!! သူက ကလေးရှိသေးတာလေ ဘာသိမှာလဲ "

" ရိရှောင်းက ဉာဏ်ကောင်းနေပါပြီ အကုန်လည်း သိတတ်နေပါပြီ "

" လိ့ကိုသိတတ် မင်းမှာ သံယောဇဉ်မရှိဘူးလား ဟမ်... "

" ကိုကိုကလည်း ကျတော်.... "

" ဘာကို ကိုကိုကလည်း ငါသာဆို မင်းနေရာဆို ဒီခေါ်လာမှာ အန္တာရယ်များတဲ့နေရာကြီးထဲကို ပစ်ထားခဲ့မနေဘူး "

" ကျတော်ကို ဆူနေတာလား "

ဝမ်ရိပေါ်က မျက်နှာငယ်နဲ့ပြန်ပြောသည် ။
ဝမ်ရိပေါ်ပုံစံက အရင်ကနဲ့မတူ
အရင်ကဆို တစ်ခုခုဆို အလိုမကျရတာနဲ့
မျက်မှောင်ကျုတ်ရတာနဲ့ အခုကျ
ကလေးလိုပဲ ။ မျက်မှောင်ကျုတ်တာတို့လည်း
မရှိ ။

" ထားလိုက်တော့ ကလေးက အဆင်ပြေတယ်မလား "

" အင်း "

" ဆန်ပြုတ်သောက်ပြီးပြီမလား ပြန်အိပ်တော့
မင်းနေကောင်းမှ ငါကို ရှာကျွေးနိုင်မှာမလား "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now