ep-8

2.5K 177 9
                                    

Unicode

" ဘူးရော "

" လွင့်ပြစ်လိုက်ပြီ "

" ဘာ မင်းရူးနေလား ! ၀မ်ရိပေါ် "

မိဖုရားက ဒေါသထွက်ဟန်နဲ့ ၀မ်ရိပေါ်ကို ဆူသည် ။

" ခင်ဗျားကရော ဘာအရူးထပြီး ရှောင်းကျန့်ဝိညာဉ်ကို နှုတ်ချင်နေရတာလဲ ! "

" သူက မင်းရဲ့ရှောင်းကျန့်မှမဟုတ်ပဲ "

" ကျုပ်သိတယ် "

" ဘာ ? သိသိရက်နဲ့ သူခန္ဓာထဲကို သူများဝိညာဉ်ကို နေခွင့်ပေးထားတာလား "

" အင်း "

" မင်း ရူးနေပြီပဲ ! "

မိဖုရားက စိတ်ပျက်ဟန်နဲ့လှည့်ထွက်သွားမယ်အလုပ်

" ကျုပ်ဘာသာကျုပ် ရှောင်းကျန့်ကို ကြည့်စီစဉ်မှာမို့ ခင်ဗျား ၀င်မပါပါနဲ့ မဟုတ်ရင် ကျုပ်အဆိုးမဆိုနဲ့ "

" ၀င်ပါသင့်ရင် ၀င်ပါရမှာပဲ "

၀မ်ရိပေါ်က မျက်ခုံးတစ်ချက်ပင့်ပြီး

" ဒါဆိုရင် ခင်ဗျားရဲ့ လျိုဝှက်ချက်တစ်ခုကို ကျုပ်က ထုတ်ဖော်မယ် "

" မင်း ! ၀မ်ရိပေါ် !! "

" မြို့စား၀မ် အခုချိန်မှာ ကျုပ်က မြို့စား၀မ်ဆိုတာ ခင်ဗျားမမေ့နဲ့ "

" ငါလုပ်ပေးလို့ မင်းဒီအဆင့်ထိ ရောက်လာတာ အဲ့‌ေလာက္နဲ့ ရောင့်ရဲမလာနဲ့ ၀မ်ရိပေါ် ! "

" အေးဆေးပြောပါ နိုင်ငံတစ်ခုရဲ့စံပြမိဖုရားက အောက်လမ်းတွေသုံးနေတာ အုပ်ချုပ်နေတဲ့ဘုရင်နဲ့ပြည်သူတွေသိရင် ဘယ်လိုများ
နေကြမလဲ "

" မင်း ! တိတ်တိတ်နေစမ်း "

" အဲ့တာဆို ကျုပ်သွားလိုက်ပါအံုးမယ်ဗျ "

____

" ရိရှောင်း မင်းအဖေရော "

ခါတိုင်းဆို မနက်အစောကြီး ထမင်းဝိုင်းမှာ တွေ့နေကျ မြို့စား၀မ်ကို မတွေ့တာကြောင့် ရှောင်းကျန့် မေးလိုက်သည်။

" ဖေဖေက နန်းတော်ကို သွားတယ် "

" ဟုတ်လား "

" အွန်း "

ရိရှောင်းက မြန်မြန်စားပြီး ထထွက်သွားသည် ။ ခါတိုင်းရှောင်းကျန့်နားကို ကော်လို့ကပ်နေတဲ့ကလေးက ဒီနေ့ကျမှ ခွာနေသည် ။ ရှောင်းကျန့်လည်း လျှောက္မတွေးတော့ပဲ မနက်စာသာ စားနေလိုက်သည်။ ရှောင်းကျန့်မသိလိုက်တာက ရိရှောင်းက သူဖေဖေရဲ့
ဆူပူမှုကို တစ်နာရီလောက်ခံထားလိုက်ရတယ်ဆိုတာ ။

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now