ep-18

1.8K 106 1
                                    

Unicode

" ‌တည်ငြိမ်‌လွန်းတဲ့ မြို့စားဝမ်က
ဂေါက်သွားတာများလား "

ရှောင်းကျန့် ရိရှောင်းလက်ကို ဖျစ်ညစ်လိုက်မိသည် ။

" အားး နာတယ် ပါးပါး "

" အော် အေး ဆောရီး "

" ဟွန့် သား စာတွေ ဝိုင်းကူပေး "

" အေး "

ရှောင်းကျန့် ရိရှောင်း ပုစ္ဆာတစ်ခု တွက်ခိုင်းလိုက်ပြီး မနေ့က အကြောင်းကို ပြန်တွေးလိုက်သည် ။

" ဘာတွေပြောနေတာလဲ "

" အမှန်ပြောတာပဲလေ "

ရှောင်းကျန့် ဝမ်ရိပေါ်ကို မျက်စောင်း
တစ်ချက်ထိုးကာ ပုံကိုပဲ အာရုံစိုက်လိုက်သည် ။

" ဘာလို့ ပုံက လူတစ်ယောက်ထဲလည်း "

ဝမ်ရိပေါ်က ရုတ်တရက်ကြီး ရှောင်းကျန့်ရဲ့ကျောနောက်ဘက်ကို နေရာယူလိုက်တာကြောင့်
ရှောင်းကျန့် လန့်သွားသည် ။ အခုပုံစံက ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲ ထည့်ထားသလို့ ဖြစ်နေသည် ။

" ဘယ်လိုပဲဆွဲဆွဲပေါ့ "

" မရဘူး "

နောက်ကနေ သူလက်ဖျံ‌ေပါ်ကို ဝမ်ရိပေါ်လက်တွေက နေရာယူကာ ပန်းချီကားချပ်ပေါ်ကို ဆေးယူကာ ပုံဆွဲလေသည် ။

" မင်းက ဆွဲတတ်လို့လား "

" လွယ်လွယ်လေးပါ "

ဟိုခြစ်ဒီခြစ်ပုံစံနဲ့ လုပ်ကာ အဝိုင်းပုံစံကြီး ဆွဲသွားသည် ။

" ဘာကြီးလည်း "

" ဘာဖြစ်ဖြစ်ပေါ့ နောက်ထပ်တစ်ယောက်
အဲ့လူဘေးနားမှာ ရပ်ပေးနေရင် ရပြီ "

ရှောင်းကျန့် ဝမ်ရိပေါ်ကို အူကြောင်ကြောင်နဲ့ လှည့်ကြည့်လိုက်သည် ။ ဝမ်ရိပေါ်စကားတွေ
သူနားမလည်နိုင်ပါ ။

" အဟမ်း လက်ကလွှတ်ပေးအုံးမှာလား "

" မလွှတ်ချင်သေးဘူး "

" ........ "

" ဖြစ်နိုင်ရင် ကျတော်က တစ်သက်လုံးဆွဲထားချင်တာ "

" ......... "

" အချိန်တန်ရင်တော့ လွှတ်ပေးရမှာပေါ့ "

ᴅᴜᴋᴇ ( ᴄᴏᴍᴘʟᴇᴛᴇ )Waar verhalen tot leven komen. Ontdek het nu