"နင့်ကိုငါ သခင်လေးအိမ်နား မသွားပါနဲ့ ဘယ်နှစ်ခါပြောရမလဲ"
"ဟင့် ရဘူး။ ရဘူး။ သွားမှာပဲ။ ကောကောလှလှလေးကိုကြည့်ချင်တယ်။"
"ဟယ်ဒီကောင်လေးပြောလေကဲလေပါလား။ သခင်ကြီးကြားရင်တော့ငါ ဒီကနေမောင်းချခံရတော့မှာပဲ။"
၅နှစ်သား ရိပေါ်ရဲလက်သေးသေးလေးကိုသူ့အမေကစောင့် ဆွဲသွားတော့ နာတာကြောင့်ငိုယိုပြီးတရွတ်တိုက်ပါသွားတယ်။ အမေဖြစ်သူက အလုပ်ပင်ပန်းလွန်းတာကြောင့် ကလေးအပေါ်စိတ်မရှည်ဖြစ်ပြီး လုပ်ခဲ့မိပေမယ့် လက်ကလေးကိုင်ပြီးငိုနေရှာတော့ စိတ်မကောင်းဖြစ်ပြီး သူပါမျက်ရည်ကျလာတယ်။
"မာမားတောင်းပန်ပါတယ်။သားလေးရာယ်။ နောက်တစ်ခါ အဲ့နားကိုမသွားပါနဲ့နော်။"
အလိုက်သိတဲ့ရိပေါ်လေးက အမေစိတ်ချမ်းသာအောင်ပြောလိုက်ပေမယ့် သခင်လေးကိုခိုးကြည့်တာကိုတော့ရပ်မှာမဟုတ်ပေ။ ခိုကိုးရာမဲ့နေတဲ့သားအမိနှစ်ယောက်ကို ရှောင်အိမ်တော်မှာ အစေခံအဖြစ်နေခွင့်ရအောင် ပြောထားပေးတဲ့ဦးလေးရန် မျက်နှာကလည်းရှိသေးတယ်။ အလုပ်ပြုတ်ရင်အကုန်ပြုတ်မှာ။ ဒါကိုဝမ်မားစိုးရိမ်တယ်။ ရှောင်းသခင်လေးက သူ့ထက် ၆ နှစ်ကြီးတယ်။ သူကရိပေါ်မျက်စိထဲမှာအရမ်းလှတယ်။ ဒါပမယ့် ရှောင်းသခင်လေးကသူ့ကိုရှိတယ်လို့တောင်မထင်ဘူး။ သူက ဘေးအိမ်က သခင်မလေး ချင်းချင်းနဲ့ပဲ ဆော့တယ်။ ရိပေါ်ရဲ့အမေဟာ ဘယ်လောက်ပဲတားတား ရိပေါ်က အမြဲခိုးကြည့်တယ်။ မားရဲ့စကားတွေထဲမှာ အဲ့တစ်ခုတော့ သူမနာခံနိုင်ဘူး။
_________
"ခွပ်....ခွပ်....ခွပ်...."
"ဟဲ့ ဘာလို့အားနဲ့မာန်နဲ့လုပ်နေတာလဲ။ မြေကြီးပါကွဲတော့မယ်။"
ထင်းတုံးတွေကို အငြိုးတစ်ကြီး ခုတ်ထစ်နေတဲ့ရိပေါ်ကို အမေဖြစ်သူက လှမ်းအော်တယ်။ ဒါပေမယ့်ရိပေါ်ကဘာမှ မပြောပဲ ထင်းတွေကိုသာခုတ်ထစ်နေတယ်။
သူ့အမေလည်း သက်ပြင်းချကာ သူ့အလုပ်သူပြန်လုပ်နေတယ်။" ဘာဖြစ်လို့ဖြစ်မှန်မသိဘူး။ မေးလို့ရဖို့ ဝေလာဝေး။ တစ်နေ့လုံး စကားငါးခွန်းပြည့်အောင်မပြောဘူး။ ဘယ်လိုကောင်လေးလဲမသိဘူး။"