"ရွာလူကြီး ရွာလူကြီး ရွာထဲမှာရန်ဖြစ်နေကြလို့။"
"ဘာ....ဘယ်သူရန်ဖြစ်ရဲတာလဲ။"
တပည့်ဖြစ်သူ ပြောစကားကြောင့် ချစ်ဇနီးလေးရဲ့ ဆံပင်ကို ဖြီးရင်း ရင်းရိပေါ် ဒေါသထွက်ပြီးထအော်လိုက်တယ်။
"လန့်လိုက်တာ ယောက်ျားကလဲ။"
"တောင်းပန်ပါတယ်။ ကိုယ်စိတ်လောသွားတယ်။ "
"ကြည့်ရတာ တတစ်ခြားမြို့ကထင်တယ်။ ဒါကြောင့် ဒီလိုလုပ်ရဲတာ။"
"ငါ့အကြောင်းပြရသေးတာပေါ့။ သွား..ပွဲကိုခနထိန်းထား ငါ့မိန်းမကို ဆံပင်ဖြီးပြီးရင်လာခဲ့မယ်။"
"ဟုတ်ကဲ့။"
"ရပါတယ် လောင်ကုန်းရာယ်။"
"မရဘူး။ ကိုယ်လုပ်ပေးချင်တာ။"
ရိပေါ် ရှောင်းကျန့်ရဲ့ဆံပင်ကို သေချာလေးအဆုံးသတ်ပြီး ချည်နှောင်၍အဝတ်မပါတဲ့ခန္တာကိုယ်ပေါ် ဝတ်ရုံအင်္ကျီရှည်ကိုခြုံကာ ဓားရှည်ဆွဲပြီး ရွာထဲကိုခြေလှမ်းကျဲကြီးနဲ့ ပြေးသွားတယ်။
____________
"မင်းတို့ငါ့ဆီကချေးတာ လွန်ခဲ့တဲ့ဆယ်ခြောက်နှစ် ကတည်းကချေးတာ အဲ့တုန်းတည်းကမင်းရဲ့သမီးကိုပေးလိုက်ရင် အတိုးကခုလောက်တတ်စရာမလိုဘူး။ အခုမင်းရဲ့သမီးက သေပြီး မင်းရဲ့မြေးတောင် အပျိုဖြစ်နေပြီ။ မင်းရဲ့အတိုးဘယ်လောက်တောင်လဲ မင်းသိလား။"
"သူ သူငယ်ချင်းရာ ငါတောင်းပန်ပါတယ်။ ငါ့အိမ်နဲ့နွားတွေ လယ်တွေကိုသိမ်းသွားပါ။"
"အဲ့တာတွေ ရောင်းတာနဲ့မင်းရဲ့ အကြွေးတွေကကျေပြီလို့ထင်တာလား။"
"ငါမင်းဆီကချေးခဲ့တာ ငွေစတစ်ရာတည်းပါ။ အဲ့ငွေစတစ်ရာနဲ့ ငါ့သမီးကိုလဲဖို့ကမဖြစ်နိုင်ဘူးမဟုတ်လား။ အခုတော့ငါစုဆောင်းထားတာလေးတွေလည်း ရှိနေပြီဆိုတော့ မင်းအကုန်ယူသွားပါ။ ငါ့မိသားစုကိုပြသနာမရှာပါနဲ့။"
"မင်းရဲ့အကြွေးတွေအတွက်မင်းရဲ့ နွားတွေရော မင်းရဲ့မြေးလေးကိုပါခေါ်သွားရလိမ့်မယ်။"
"ဟင့်အင်း ဖိုးဖိုး....ကြောက်တယ်။"
မြေးမလေးကအဖိုးဖြစ်သူရင်ခွင်ထဲ ပြေးဝင်လာတယ်။