"မား"
"အားကျန့်"
တောင်ကုန်းက ကျောင်းလေးပေါ်မှာ နေတဲ့အမေဖြစ်သူကိုရှောင်းကျန့်ကလာကြည့်ရာ ရိပေါ်နဲ့ချင်းချင်းလည်းပါလာကြတယ်။ ရှောင်းကျန့်အမေကဘုရားကိုကျေးဇူးတင်ကြောင်းခနခနပြောပြီး ဝမ်းသာမျက်ရည်တွေကျနေတယ်။ ရှောင်းကျန့်နဲ့သူ့အမေ စကားပြောနေတာကို ရိပေါ်နဲ့ချင်းချင်းက နှောက်ယှက်ဖြစ်မှာစိုးလို့အပြင်မှာစောင့်နေတယ်။
ရိပေါ်က ချင်းချင်းကိုဘာစကားမှမပြောပဲ ဒီတိုင်းခေါင်းငုံ့ကာရပ်နေတယ်။"ကိုယ်ရံတော်ဝမ်။"
"......."
"ကိုယ်ရံတော်ဝမ်က အရမ်းလွန်သွားပြီမဟုတ်လား။"
အဲ့လိုပြောတော့ရိပေါ်လည်းလန့်သွားတယ်။
"ဘာ ဘာကိုလဲ သခင်မလေး။"
"နင်စရောက်လာတဲ့ ငါးနှစ်သားတည်းက ငါသတိထားမိတာ။ ငါကျန့်ကျန့်ကိုနင့်အကြောင်းပြောတော့ ကျန့်ကျန့်ကအမြင်ကတ်စရာလေး အရောမဝင်နဲ့ဆိုလို့ ငါအရောမဝင်ခဲ့ဘူး။ ဒါပေမယ့် အခုကျန့်ကျန့်က ငါ့ကိုပြောစကားနဲ့မညီဘူး။ နင့်ကိုမောင်ပိုင်စီးထားတယ်။"
"ဘာ ဘာကိုပြောချင်တာလဲမသိဘူး။"
"သူနင့်ကို ကြည့်မရတဲ့အရွယ်တည်းက၊ နင့်ကိုအနိုင်ကျင့်ကတည်းက ငါကနင့်ကိုသဘောကျလာခဲ့တာ။ နင့်ကိုစေ့စပ်ပွဲလုပ်ပေးတုန်းက ငါဘယ်လောက်ငိုခဲ့ရလဲ။ ငါကျန့်ကျန့်ကိုလုံးဝစကားမပြောဘူး။သိလား။"
ရိပေါ်ချွေးစေးတွေပျံလာတယ်။ သူဘာဆက်ပြောရမလဲမသိဘူး။ သခင်မလေးကသူ့ကိုဖွင့်ပြောနေတယ်။ ပုံမှန်ဆိုငြင်းရက်စရာမရှိအောင် သခင်မလေးချင်းချင်းကလှတယ်။ သူလိုလူမျိုး ဘဝပါပြောင်းလဲပြီး မျိုးရိုးမြင့်ထဲအလွယ်တစ်ကူဝင်လို့ရမယ်။ ဒါပေမယ့် သူစိတ်ဝင်စားတာတစ်ယောက်တည်း။ ဂုဏ်ပကာသနမလိုဘူး။ မြေတွင်းလေးထဲမှာနေရရင်တောင် သူနဲ့ဆိုဖြစ်တယ်။
"ငါနင့်ကိုသဘောကျတယ်။"
်ရိပေါ်ခေါင်းသာငုံ့ထားတာကြောင့် ရှောင်းကျန့်ရောက်နေတာသတိမထားမိဘူး။ သူခေါင်းမော့လိုက်တော့မှ ရှောင်းကျန့်သူ့ကိုကြည့်နေတာမြင်ပြီးလန့်သွားတယ်။