အိပ်ပျော်နေချိန်ကြီးရုတ်တရက် ခုလိုတွန်းချခံလိုက်ရတာမို့ ရိပေါ်လန့်သွားတယ်။ သူပြုတ်ကျတဲ့အချိန် အိမ်ရှေ့ကဖြတ်သွားတဲ့ရွယ်ရွယ်က လာထူတယ်။
"ရိပေါ်ကောကော ရရဲ့လား။ "
"ရပါတယ်။ ဘာမှမဖြစ်ဘူး။"
ပြီးနောက်ရှောင်းကျန့်က ထွက်လာရာ ရိပေါ်က သူ့လက်မောင်းကိုကိုင်ထားတဲ့ရွယ်ရွယ်ရဲ့လက်ကို ဖြေချလိုက်တယ်။
"တစ်ကယ်အဆင်ပြေရဲ့လားဟင်။"
"ရပါတယ်။ ပြေတယ်။"
"ဒီခန္တာကိုယ်နဲ့ ဒီအပေါ်ကပြုတ်ကျလို့ သေမသွားပါဘူး။ မိန်းကလေးစိတ်မပူနဲ့။"
ရှောင်းကျန့်ကအဲ့လိုပြောတော့ ရွယ်ရွယ်က
"ရှောင်းကျဲ အရမ်းကိုရက်စက်တာပဲ။"
"မိန်းကလေး။ အသက် ၁၅ နှစ်ဆိုတာ ကလေးမဟုတ်တော့ဘူး။ တွေ့တဲ့ယောက်ျားကို ထိချင်သလိုထိလို့မရဘူး။ အထူးသဖြင့် အိမ်ထောင်သည်ယောက်ျားတွေကိုပေါ့။"
ရှောင်းကျန့်အဲ့လိုသတိပေးလိုက်တယ်။ ရွယ်ရွယ်လည်းမခံမရပ်နိုင်ဖြစ်သွားတယ်။ ဒီအခြေနေမှာ ရှောင်းကျန့်ကိုသခင်လေးဆိုတာဘယ်သူမှမသိဘူး။ ဒါကြောင့်ရွယ်ရွယ်ဟာစိတ်တိုပြီး ရှောင်းကျန့်ကိုတုန့်ပြန်ဖို့ပြင်တယ်။ အဲ့ဒီအခါ ရိပေါ်က
"မင်း...ယာထဲကိုသွားမလို့မဟုတ်လား။ သွားတော့လေ။"
"ကောရဲ့ မိန်းမပြောပုံကိုလည်းကြည့်ဦးလေ။"
"သူ့အဲ့လိုပဲပြောတတ်တာ။"
"ရွယ်ရွယ့်သိက္ခာကိုစော်ကားတာကို သူကအဲ့လိုပဲပြောတတ်လို့ ဆိုတာနဲ့ လျစ်လျူရှုလိုက်ရမှာလား။ "
"ဒါဆိုမင်းက ဘာဖြစ်ချင်တာလဲ။"
ရှောင်းကျန့်အမေးကြောင့်ရွယ်ရွယ်က ရှောင်းကျန့်ကိုမော့ကြည့်လာတယ်။
"အကြင်နာတရားမရှိတဲ့ မိန်းမ။ "
ရှောင်းကျန့်ဟက်ကနဲရယ်တယ်။ သူကမိန်းမမှမဟုတ်တာ ဘာနာစရာလဲ။
"ရွယ်ရွယ်!"
ရုတ်တရက်အသံကျယ်နဲ့ ရိပေါ်ထအော်လိုက်တယ်။ တစ်ကယ် နာသွားတာကရိပေါ်။ ရွယ်ရွယ်လည်း လန့်သွားတယ်။